ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုလှမင်း (ခ) ကိုလှကြီးဟာ ရုတ်တရက် နှလုံးရပ်‌ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 

ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ်(၁၀)နှစ်ကျခံနေရတဲ့ အသက် ၄၅ နှစ်အရွယ် ကိုလှမင်းဟာ နဂိုရောဂါအခံမရှိဘဲ ကျန်းမာသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာတော့ ရုတ်တရက် နှလုံးရပ် သေဆုံးသွားတယ်လို့ သိရပါတယ်။ 

“ကျနော်တို့ လက်ရှိ သိရှိထားမှုအရတော့ ရိုက်နှက် နှိပ်စက်ထားတာမျိုး မရှိပါဘူး။ သူက ရေသောက်ရင်း ရုတ်တရက် မေ့လဲသွားတဲ့ အခြေအနေမျိုးဖြစ်တယ်။ ဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာ ပြင်ပဆေးရုံကို ခေါ်ထုတ်ဖို့ ကြိုးစားတယ်ဆိုပေမယ့် အဲ့အချိန်အတွင်းမှာကို ရုတ်တရက် နှလုံးရပ် သေဆုံးသွားတာတဲ့ အခြေအနေလို့ ကျနော်တို့ ကနဦး အတည်ပြုထားပါတယ်” လို့ PPNM ပြော‌ရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် အခုလို သေဆုံးခဲ့မှုအပေါ် အခြားအကြောင်းအရင်းတွေ ရှိ၊ မရှိကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူကဆိုပါတယ်။ 

PPNM ရဲ့ စောင့်ကြည့်မှုအရ ပေါင်းတည်ထောင်ကလည်း အခြားအကျဉ်းထောင်တွေနည်းတူ ဆေးဝါးမလုံလောက်မှုနဲ့ ကျန်းမာရေးစောင့်‌ရှောက်မှု လိုအပ်ချက်တွေရှိနေဆဲ အကျဉ်းထောင်ဖြစ်တယ်လို့ သိရပါတယ်။ 

“ဒီနှစ်ထဲမှာ ထောင်တွင်းမှာ ကျန်းမာရေးအခြေအနေကြောင့် နိုင်ငံရေးအကျဉ်းသားသေဆုံးမှုဟာ ၁၄ဦး ရှိနေတယ်။ နှစ်စဉ်နဲ့အမျှ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုဟာ ဆယ်ဂဏန်းအထက်မှာရှိနေတဲ့အပေါ် ကျနော်တို့ စိုးရိမ်ပါတယ်” လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။ 

PPNM ရဲ့ စောင့်ကြည့်လေ့လာမှုမှတ်တမ်းတွေအရ ၂၀၂၅ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လ ၈ရက်နေ့အထိ မြန်မာနိုင်ငံရှိ အကျဥ်းထောင်တွေအတွင်း ကျန်းမာရေးကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၁၄) ယောက်အထိ ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ရဲ့ ပထမ ၆လနဲ့ နှိုင်းယှဉ်ရင် သေဆုံးမှုတွေဟာ လျော့ကျလာတာမရှိဘဲ ၁၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ 

ဒါကြောင့် စစ်ကောင်စီရဲ့ သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေအနေနဲ့ မတရားဖမ်းဆီးခံထားရတဲ့  နိုင်ငံရေးအကျဉ်းသားတွေအပေါ် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးခြင်းမရှိဘဲ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့  PPNM ကနေ တောင်းဆိုထားပါတယ်။ 

0 Shares:
You May Also Like
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
Read More

ရခိုင်ဒေသက စစ်ဘေးရှောင် ၁၆ ယောက်ကို ငါးသိုင်းချောင်းမှာ အကြမ်းဖက်စစ်တပ် ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှာ ရခိုင်ဒေသက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသူ ၁၆ ယောက်ကို နိုဝင်ဘာလ ၂၈ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာများကို စစ်တပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၉ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အရာတော်မြို့နယ်တွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပအဖ၊ ပကဖ၊ ပလဖ တို့ အရေးယူ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တို့က စက်တင်ဘာ ၂၅ ရက်မှာ ကွင်းဆင်းပညာပေးခြင်း၊ အရေးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ထားဝယ်တွင် စစ်ကြောင်းထိုး စစ်အုပ်စုအပါအဝင် စစ်ကူတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲ ၆ နာရီကြာ ဖြစ်ပွါးခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကျေးရွာတွေဆီစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းအပါအဝင် စစ်ကူတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း Launglone Peninsula Force - L P F သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့ “ မြေပြင်လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့”ခေါင်းစဉ်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အပါအဝင် မြေပြင်လူထုသပိတ်တိုက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။