မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force – MSRF က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဇူလိုင်လ ၈ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်အချိန်မှာ ရေးမြို့အခြေစိုက် စကခ(၁၉) လက်အောက်ခံ ကလော့ကျေးရွာအနီးရှိ အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဗုံးကြဲတိုက်ခိုက်တာက ကျမတို့ အမတ ၃၁၆ ဗဟိုကင်းနေရာကို target ချပြီးတော့ ဗုံးကြဲခဲ့တာပါ။ ဗုံးကြဲပြီးတဲ့ နောက်မှာတော့ စကစဘက်က တန်ပြန်တိုက်ခိုက်မှုတွေ ဘာမှမရှိဘဲ အောင်မြင်စွာ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” လို့ MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကို ပြောပါတယ်။

အမတ ၃၁၆ ဟာ စစ်ကောင်စီကနေ စစ်အင်အား ဖြည့်တင်းထားပြီး စစ်လက်နက်တွေ၊ ဂျမ်မာတွေ အခိုင်အခံ့နဲ့ တည်ဆောက်ထားတဲ့တပ်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်ပျက်စီးမှုကိုတော့ အသေးစိတ်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့ စစ်ရေးမဟာမိတ်ဖြစ်‌တဲ့ ဒေါနတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေဟာ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းတွေဆီ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ လိုက်လံတွေ့ဆုံခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ BGF တပ် အခြေခံစစ်ပညာသင်တန်း ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် မနေ့က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်မောက်တွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျားဖြစ်ပြီး ဦးတည်ချက်ပြောင်းသွားခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

ထိုင်းနယ်စပ်နှင့် ၁ ကီလိုမီတာခန့်သာ အကွာအဝေးရှိ စစ်ကောင်စီ၏ မယ်လတပ်စခန်းကို KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ထိုင်းနယ်စပ်အနီးက ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ အကြမ်းစစ်ကောင်စီတပ်ရဲ့ မယ်လတပ်စခန်းကို မေလ ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နဲ့ ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို  IEC ခေတ္တပိတ်ထား

ကရင်နီပြည်နယ်အတွင်းက စစ်ရေးအခြေအနေတွေအရ စစ်ကောင်စီဘက်က ဘော်လခဲကနေ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က မတ်လ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။