မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အရှေ့ဘက်က ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းရှိရာရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်အုပ်စုဘက်ထိခိုက်မှုတွေရှိကြောင်း Cobra One တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၆ရက် ညနေ  ၄နာရီ နဲ့ ည ၈နာရီခွဲအချိန်တွေမှာ ကမ္မမြို့အရှေ့ဘက်က ရှင်မကန်ပျူစခန်းရှိရာကို တော်လှန်ရေးတပ်တွေက ရော့ကတ် ၅ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ရော့ကတ်တွေဟာ ရွာလယ်အတွင်းကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ထိခိုက်သွားခဲ့တယ်လို့သိရပါတယ်။

“စစ်အုပ်စုဘက်က ၃ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူးပြောတယ်။” လို့ Cobra One တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်-တပ်ရင်း(၁) ပကဖ၊ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ၊ ခရိုင်ပကဖ-တပ်ခွဲ(၅) ဧရာဒေါင်း၊ နယ်မြေ (၁) ကာကွယ်ရေးတပ်ဖွဲ့ PLO Young Force တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၇ရက် ညနေပိုင်းကလည်း ရှင်မကန်ပျူစောထီးရွာနဲ့ ၃မိုင်ကျော်အကွာမှာရှိတဲ့  နံဂါတ်ရွာကို ပခုက္ကူတပ်မ ၁၀၁ က ထွက်လာတဲ့စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ်အလုံး ၃၀ ကျော် မီးလောက်ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညပိုင်းမှာ အောင်သာပျူစောထီးရွာထဲ အထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေက နံဂါတ်ရွာကို လက်နက်ကြီးတွေ ထပ်မံပစ်ခဲ့သေးကြောင်း Cobra One အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“သူတို့ကို ကျနော်တို့ပစ်လို့ရယ်မဟုတ်ဘူး။ ဒီကောင်တွေက အကြောင်းမရှိအကြောင်းရှာ မီးဝင်ရှို့နေကျပါ။ မနေ့ညနေ ၄နာရီလောက်မှာ အရှေ့နံဂါတ်ရော အနောက်နံဂါတ်ရော ၂ရွာလုံး မီးရှို့ခံလိုက်ရတာပါ” လို့ Cobra One တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

ရှင်မကန်ပျူစောထီးရွာကို ရော့ကတ်များဖြင့် ပစ်ခတ်နေစဥ် (ဓာတ်ပုံ Cobra One)

0 Shares:
You May Also Like
Read More

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ အမေရိကန်အနေနဲ့ အားကောင်းအသက်ဝင်ဖို့ လိုအပ်နေသေးဟုဆို

စစ်ကောင်စီထံ လေယာဉ်ဆီတွေ မရောက်ရှိဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့ ဖြတ်တောက်မှုတွေကို ပိုမိုပြီး အားကောင်း အသက်ဝင်ဖို့ လိုအပ်နေသေးကြောင်း The Sentry နှင့် Justice For Myanmar အဖွဲ့တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း (၄) နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း(၄)နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ ဒေသမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ 96 Soldiers-PDF - အညာတပ်ခွဲက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

အသက်အရွယ်မရွေး ပေါ်တာဆွဲနေတဲ့ စစ်တပ်က ကလေးစစ်သား တစ်ထောင်ကျော်ကို နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဝါဒဖြန့်

အသက်မပြည်သေးတဲ့ ကလေးစစ်သား တစ်ထောင်ကျော်ကို စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အေးက ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။