စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်က စစ်ကောင်စီနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ နှောညောင်ပင်ကျေးရွာ စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်အုပ်စုအလောင်း ၆လောင်းနဲ့အတူ စစ်သုံ့ပန်း ၁ယောက် ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၅ရက်နေ့ မနက်အစောပိုင်းက ကလေးမြို့နယ်တောင်ပိုင်း၊ နှောညောင်ပင်ကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ အထက်ပါ စစ်အုပ်စုစခန်းကို ကလေးခရိုင်ပကဖ ဒုတာဝန်ခံ (စစ်ရေး)ရဲ့ ဦးဆောင်မှုနဲ့အတူ ပကဖတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိနစ် ၄၀ကြာ တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က တပ်ကြပ်အဆင့်ရှိသူ အပါအဝင် စစ်သားနဲ့ ပျူစောထီး ၆ယောက်ရဲ့ အလောင်းတွေကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းရမိခဲ့သလို ပျူစောထီး ၁ယောက်ကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ကလေးခရိုင်ပကဖ ဒုတာဝန်ခံ (စစ်ရေး) ဦးဆောင်ပြီး ကလေးခရိုင် ပကဖ ရုံး ဒုတာဝန်ခံ (စည်းရုံး/လေ့ကျင့်)၊ ကလေးခရိုင်ပကဖ သတင်းတာဝန်ခံ၊ ကလေးခရိုင်ပကဖ ရုံးအဖွဲ့မှူးတို့က တစ်ပတ်ကြာ စစ်ရေးစီမံချက်ရေးဆွဲ၊ စုဖွဲ့လေ့ကျင့်ရင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့လည်း ပကဖအသံက သတင်းထုတ်ပြန်ထားပါတယ်။

“နှောညောင်ပင်က စခနဲ့ပျူ ထိုင်ထားတာ ဟုတ်ပါတယ်။ တစ်ရွာလုံး စခ အမာခံပါ။ အာဏာသိမ်းပြီးကတည်းက စာသင်ကျောင်းထဲ တပ်စွဲနေတာပါ။ ကလေးဒကစက စခတွေနဲ့ ရွာခံပျူတွေ ပေါင်းထိုင်နေတာပေါ့နော်။ အဲ့ဒါ ၅ရက်နေ့ မနက် ၁နာရီနဲ့ မိနစ်၂၀လောက်ကနေ စတိုက်ခဲ့တာပါ။ မိနစ် ၄၀ကြာပါတယ်။” လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်အုပ်စုစခန်းကို တိုက်ခိုက်နေချိန် ကလေးမြို့၊ ဒကစနေ စစ်ကောင်စီတပ်ကူတွေ ထွက်ခွာလာသလို အထိုင်စခန်းတစ်ခုကနေလည်း လက်နက်ကြီးပစ်ကူတာတွေ လုပ်ဆောင်လာတာကြောင့် ပကဖတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်အုပ်စုထံက BA 100 (၁)လက်နဲ့အတူ G 3 (၂)လက်၊ Carbine (၄)လက်၊ 60mm ကျည် (၁၂) ဖူး၊ Carbine ကျည် (၁၁၇၅) တောင့်၊ 7.62ကျည် (၅၀၉) တောင့်၊ 5.56 ကျည် (၅၈) တောင့်နဲ့ Grenade (၂)လုံး သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

နှောညောင်ပင်ရွာ ပျူစခန်း စစ်ဆင်ရေးအတွင်း ကလေးခရိုင်ပကဖရုံး လက်ရုံးတပ်ဖွဲ့၊ ကလေးခရိုင်ပကဖရုံး Wing of Kalay Drone Team၊ ထောက်ကြန့်ကျေးရွာ ပကဖ၊ ဇင်းဂလင်းကျေးရွာပကဖ နဲ့  ပေါက်တောကျေးရွာပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

နှောညောင်ပင်ရွာ စစ်အုပ်စုစခန်း တိုက်ခိုက်မှုအပြီး သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းအား တွေ့ရစဥ် (ဓာတ်ပုံ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

AA ပိတ်ဆို့ထားတဲ့ နခခ (၅) အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ (၅) ဌာနချုပ်အနီးတဝိုက်ကိုစစ်ကောင်စီကအောက်တိုဘာ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်မြို့တွင် စစ်ကော်မရှင် လက်အောက်ခံ အချင်းချင်း ပေါ်တာမှားဆွဲမှု ဖြစ်ပွား

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်အချင်းချင်း ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အချင်းများကာ ရိုက်နှက်ဖမ်းဆီးမှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 
Read More

တိုင်းပြည်ကို (၈) ကြိမ်မြောက် အရေးပေါ်အခြေအနေ ကြေညာကာ ၆ လ သက်တမ်းတိုးဦးမည့် စစ်ကောင်စီ 

နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြိမ်ကြိမ် ၆ လ တိုးမြှင့် သတ်မှတ်လာခဲ့မှုဟာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ ထပ်မံကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
Read More

တော်လှန်လူငယ်များ၏ ခံစားချက်ပုံဖော်မှု “အော်ပရာ” Ebook ကဗျာစာအုပ်၊ အကျိုးအမြတ်များကို ဖမ်းဆီးခံ UG များ ထောင်ဝင်စာနှင့် စာအုပ်ထုတ်ဝေရန် ရည်ရွယ်

ဖမ်းဆီးခံ မြို့ပြပြောက်ကျား (UG) ရဲဘော်တွေကို အကူအညီပေးနိုင်ရေး ရည်ရွယ်ထုတ်ဝေတဲ့ "အော်ပရာ" အမည်ရှိ Ebook ကဗျာစာအုပ်ကို ၁လကြာ ရောင်းချပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်း က မောင်းကိုပြောပါတယ်။
Read More

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲ

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့ ဧပြီလ ၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။