စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်း‌ တပ်သားသစ် ၄ ယောက် သေနတ် ၃ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရပြီး အတင်းအဓမ္မ စစ်မှုထမ်း‌စုဆောင်းခံရတဲ့ တပ်သားသစ် ၄ ယောက်က သေနတ် ၃ လက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေဟာ မုံရွာမြို့နယ် ပကဖ ၊ တိုက်နယ် ၂ ပကဖ တိုက်ခိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်း တပ်သားသစ် ၄ ယောက်ကို ဇူလိုင်လ ၈ ရက် ဒီနေ့မှာတော့ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် သိန်း ၅၀၊ မုံရွာမြို့နယ် အမှတ် ၂ တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့က ငွေကျပ် သိန်း ၁၀၀ စုစုပေါင်း သိန်း ၁၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်ညီနောင် (၄) ဖွဲ့ ပူးပေါင်းပြီး အောက်တိုဘာလ (၁၆) ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ (TTA - PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ရင်း ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်၊ စစ်ကောင်စီတပ်ကို ပြန်တိုက်မယ် ဟု ဆို

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မြန်မာပြည်ကို ဖမ်းဆီးပြန်ပို့ခံရကာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူ ၂ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း PDF တွေ ဝင်မလာအောင် ပြည်သူတွေ စောင့်ကြည့်ပေးဖို့ လိုတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

ခုခံတွန်းလှန်စစ်တွေ ပြင်းထန်နေတဲ့  စစ်ကိုင်းတိုင်းမှာ PDF တွေဝင်မလာစေဖို့ ပြည်သူတွေအနေနဲ့ စောင့်ကြည့် သတင်းပေးကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုချုပ် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

မန္တလေးမှာ စစ်ကောင်စီ လက်ပါးစေတွေ နေ့စဉ်ရက်ဆက် ပေါ်တာဆွဲနေ၊ လူငယ်တွေ အလုံးအရင်း ဖမ်းဆီးစုဆောင်းခံနေရ

မန္တလေးမှာ အကြမ်းဖက်စစ်အုပ်စုလက်ပါးစေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ်ဖမ်းဆီးစုဆောင်းတာတွေ ဆက်တိုက်လုပ်ဆောင်လာကြောင်း Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေပြည်သာတွင် မဲရုံလုပ်မည့် အမှတ်(၁၃) ရပ်ကွက်ရုံးအား ပြောက်ကျားတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲလုပ်ဆောင်ရာ အမှတ် (၁၃) ရပ်ကွက်ရုံးကို ဇန်နဝါရီ လ ၇ ရက်၊ ဒီနေ့ညနေပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Blood Line အဖွဲ့က ထုတ်ပြန်ထားပါတယ်။