မကွေးနဲ့ ရခိုင်ပြည်နယ်အစပ် နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းကနေ လက်နက်ကိုယ်စီနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ငဖဲမြို့နယ်၊ နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား၂ ယောက်ကို ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ရဲ့ ရှေ့တန်းပွိုင့်မှာရှိနေတဲ့ ရဲဘော်တွေက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ MA-1 သေနတ် (၁) လက်၊ MA-3 သေနတ် (၁) လက်၊ အီနာဂါ (၄) လုံး၊ လက်ပစ်ဗုံး (၃) လုံး၊ ကျည်ဘောက် (၇) ခု၊ 5.56 ကျည် (၂၈၀) တောင့်၊ စစ်ဦးထုပ် (၁) လုံးနဲ့ အီကွေ့မန့် (၁) ခုကိုလည်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

စစ်သုံ့ပန်း ၂ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူတွေ ဖြစ်ကာ နေပြည်တော်နဲ့ ရမည်းသင်း လေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ သင်တန်းတက်ရောက်ခဲ့ပြီးတဲ့နောက် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက နတ်ရေကန်ဗျူဟာကုန်းကို ပို့ဆောင်တာဝန်ကျနေခဲ့တာလို့လည်း သိရပါတယ်။

“သူတို့ကို စစ်သုံ့ပန်းအကျဥ်းသားဥပဒေနဲ့အညီထိန်းသိမ်းထားပါတယ်။ မြေပြန့်ဘက် မကွေးကို ဦးတည်ပြီး ပြေးလာတယ်လို့ သိရတယ်။ စစ်တပ်ထဲရောက်တာ တစ်ယောက်က ၂နှစ်လောက်ရှိပြီ။ ကျန်၁ယောက်ကတော့ ၁နှစ်ကျော်ပါတဲ့။ လက်ရှိ သူတို့ကို ဆက်လက်စစ်ဆေးနေပါတယ်” လို့ ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့ မကွေးနဲ့ ရခိုင်ပြည်နယ်အစပ် အမ်း-ပဒါန်းလမ်းပိုင်း၊ နတ်ရေကန်တောင်ဗျူဟာကုန်းနဲ့ စစ်ကောင်စီစခန်းတွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထွက်ပြေးနေကြရာ အဆိုပါ လမ်းပိုင်းအတွင်း လှုပ်ရှားတဲ့ တော်လှန်ရေးအင်အားစုတွေက မကြာခဏဆိုသလို ဖမ်းဆီးရမိနေတာဖြစ်ပါတယ်။

“အစပိုင်းမှာလည်း နတ်ရေကန်ဘက်က ပြေးလာလို့ ဖမ်းမိတာတွေရှိပါတယ်။ အခုဆို ဖမ်းမိတဲ့ သုံ့ပန်းအရေအတွက် ၂၀ ကျော်ပါပြီ။ ကျနော်တို့ရော ပူးပေါင်းအဖွဲ့တွေကလည်း ဖမ်းမိတာပေါ့။ အများစုက ဖမ်းမိတာပါ။ ချိတ်ဆက်ပြီး အလင်းဝင်လာတာ နည်းတယ်။ ဘာလို့ဆို ဘယ်မှာတာဝန်ကျမယ်ဆိုတာ မသိတာရယ် သက်ဆိုင်တဲ့တော်လှန်ရေးအဖွဲ့တွေကိုလည်း မသိကြတာလည်း ပါတယ်။ ကျနော်တို့နဲ့ ချိတ်ဆက်အလင်းဝင်တာမျိုးတွေ ရှိပေမယ့် နည်းပါတယ်။ အဲ့ဘက်မှာက ရာသီဥတုလည်းကြမ်းသလို တိုက်ပွဲတွေလည်း စိပ်နေတော့ ထွက်ပြေးကြတာပေါ့။ ဒီလိုနဲ့ နယ်မြေမကျွမ်းကျင်ဘဲ ကိုယ်လွတ်ရုန်းပြေးကြရင်း ဖမ်းမိကြတာပါ။” လို့ ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်းက တိုက်ပွဲတွေအတွက် အဓမ္မစုဆောင်းထားတဲ့ စစ်မူထမ်းတပ်သားတွေကို ရှေ့တန်းစစ်မြေပြင်အနှံ့ ပို့ဆောင်နေတာဖြစ်ပါတယ်။

ဒါကြောင့်က် မကွေးနဲ့ ပဲခူးဒေသနေ အရပ်သားတွေအနေနဲ့လည်း ကိုယ့်သားသမီးမိဘတွေကို စစ်ကောင်စီက အဓမ္မ စစ်မှုထမ်းခိုင်းဖို့ ခြိမ်းခြောက်လာရင် ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ထံ ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါသေးတယ်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်များနှင့်အတူ တွေ့ရစဥ် (ဓာတ်ပုံ PIO/PIA)

0 Shares:
You May Also Like
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ဆက်ကြေးကောက်မည့် ပျူများကို ကြားဖြတ်တိုက်ခိုက်၊ ၈ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး

စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းတို့မှာ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်၊ ပြည်သူ့စစ် ၁ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပြီး ပြည်သူ့စစ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။