အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ဆန့်ကျင်ကြောင်းနဲ့ လုံးဝ ခွင့်ပြုမှာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သဘောထား ထုတ်ပြန်ကြေညာထားပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဖြစ်သည်” ဆိုတဲ့ မူကို အခြေခံကာ အခုလို အသိပေးထုတ်ပြန်တာဖြစ်တယ်လို့ ကော့သောင်းမြို့နယ် ပကဖ က ဆိုပါတယ်။

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ တော်လှန်ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အသက်ဆက်‌ အသာစီးရယူရေးနဲ့ စစ်အာဏာရှင်စနစ် တည်မြဲ အားကောင်းရေးကို ရည်ရွယ်ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲနှင့် ဟန်ပြငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်တာတွေကို တော်လှန်ရေးသတိကြီးစွာနဲ့ ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်းမပြုဘဲ ပြတ်သားခိုင်မာတဲ့ သဘောထားရပ်တည်ချက်တွေနဲ့ အားလုံးအတူတကွ တုံ့ပြန် ဆန့်ကျင်သွားဖို့ ကော့သောင်းမြို့နယ် ပကဖ က တိုက်တွန်းအသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမှာ စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွား၊ အကြမ်းဖက်စစ်သား ၁၄ ဦး သေဆုံး…

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် အလောင်းသယ်သည့် စစ်ကားနှင့်ရှေ့ပြေးရဲကား မိုင်းခွဲခံရ၊ စစ်သားနှင့်ရဲ ၁၉ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ပဲခူးရိုးမပေါ် အလောင်းလာသယ်တဲ့ စစ်ကောင်စီကားအပါအဝင် ရှေ့ပြေး ရဲကားကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်သားနဲ့ရဲ ၁၉ယောက်ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀၀ ကျော် ထိုင်းဘက်ထွက်ပြေး

စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် သောကြာနေ့ကစလို့ အရပ်သား ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ် သံဘိုရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ သံဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။