မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၅ ရက် မနေ့က နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကို တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးနဲ့ တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသားနှစ်ယောက် ထိခိုက်ဒဏ်ရာ( မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်ရေးအတွက် ဗုံးခိုကျင်းတွေ တူးထားကြဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်း- စေတုတ္ထရာလမ်းပိုင်းရှိ ၁၈မိုင်စခန်းကုန်းကို PDF ပူးပေါင်းတပ်ရင်းများ သိမ်းပိုက်ရရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်အချို့ရရှိပြီး စခန်းမီးရှို့နိုင်ခဲ့

မကွေးတိုင်း၊ စလင်း- စေတုတ္ထရာလမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားကြောင်း ပါဝင်ခဲ့တဲ့ တပ်ရင်းအချို့က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရန်ကုန် မြို့တော်ခန်းမရှေ့ အကြမ်းဖက်စစ်တပ်လုံခြုံရေးဂိတ် ဗုံးခွဲခံရ

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။
Read More

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့ကို KNU မှ အပြီးတိုင် ထုတ်ပယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးနဲ့ တပ်မဟာ (၆) ဒူးပလာခရိုင်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောရွှေမောင်းတို့ကို KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီလို့ KNU ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက အတည်ပြုပြောဆိုပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတချို့လည်း ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေပြီး ကျောက်ပုံ ကျေးရွာအနီးက KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

ပုလဲ မင်းတိုင်ပင်ရွာ အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၂ ယောက်သေဆုံး

"ပေါင် ၅၀၀ ဗုံးတွေဘာတွေတော့ မဟုတ်ဘူး။ ရော့ကတ်နဲ့ပစ်သွားတာ။ စာသင်ကျောင်းဆောင်တွေလည်း နှစ်ခြမ်းပြိုကုန်တယ်။ သစ်ပင်တွေဆို ထက်ပိုင်းပြတ်တယ်။ အိမ်တွေရောပဲ။ သေတာက ရော့ကတ်ထိပြီးချက်ချင်းသေတာ၁ယောက်၊ သွေးလန့်ပြီးသေတာ ၁ယောက်ပါ" လို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။