မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းက အဓိကလမ်းပိုင်း ၂ ခုမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေထဲ စစ်ကောင်စီတပ်က ၂၅ ယောက်ထက်မနည်းသေဆုံးပြီး အယောက် ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင် က မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲတဲ့ မတ်လကုန်စလို့ မေလကုန်အထိ ရက်သတ္တပတ် ၈ ပတ်အတွင်း မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေမှာ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) တို့က ဖြတ်တောက်တိုက်ခိုက်မှု ၆ ကြိမ်နဲ့ မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

ဧရာဝတီမြစ်အနောက်ခြမ်း၊ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေကို အသုံးပြုရင်း အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ရခိုင်ရိုးမပေါ်က နတ်ရေကန်ဗျူဟာစခန်းအတွက် စစ်အင်အားတွေ ပို့ဆောင်နေတဲ့ စစ်ကောင်စီတပ်တွေကို ဖြတ်တောက်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

စစ်​လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာ ကပစ (၂) ၊ (၁၀) နဲ့ (၁၃) တို့ရှိနေတဲ့ အထက်မင်းလှမြို့နယ်ဟာ စစ်ကောင်စီအတွက် ခံစစ်တစ်ခုအနေနဲ့ ရှိတယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကိုရန်ကြီးအောင်က ပြောပါတယ်။

“အထက်မင်းလှမှာ ကပစ လို့ခေါ်တဲ့ လက်နက်စက်ရုံတွေရှိတဲ့အပြင် လေယာဥ်ဆီ ထုတ်နိုင်တဲ့စက်ရုံပါရှိတယ်။ ​နောက်ပြီး အမ်း-ပဒါန်းနဲ့ ပုံသိမ်-မုံရွာလမ်းပိုင်းတွေကနေ ရခိုင်နဲ့မကွေးကြားက သူတို့စခန်းတွေဆီ ရိက္ခာတွေ ပို့တယ်။ ဒီအတွက် အထက်မင်းလှက သူတို့ (စခ) အတွက် ခံစစ်ပါပဲ။ ပြောရရင် သူတို့ရဲ့ ဝမ်းဗိုက်ပါ။ ကျနော်တို့ကလည်း ရန်သူ့အရှိုက်နေရာဖြစ်တဲ့ ဝမ်းဗိုက်ကို ထိုးနိုင်အောင်ကြိုးစား​နေတဲ့သဘောပါ။ ” လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုရန်ကြီးအောင် က မောင်းသတင်းဌာနကို ပြောပါတယ်။

အထက်မင်းလှပကဖနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) က တာဝန်ရှိသူကလည်း “အားလုံးနဲ့ပူးပေါင်းပြီးစစ်ဆင်ရေးတွေကို ဟန်ချက်ညီညီလုပ်ဆောင်နေပါတယ်။ ကျနော်တို့ ကြေညာချက်ထုတ်ထားတဲ့ လမ်းပိုင်းတွေက ရန်သူအတွက်ရော ကျနော်တို့အတွက်ရောအရေးပါလို့စိုးမိုးရရှိနိုင်ဖို့ကြိုးစားနေကြတာပါ” လို့ မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အထက်မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို ၁၀​ကြိမ်ထက်မနည်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သား ၁ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ အရပ်သား ၉ ယောက်ကိုလည်း အဓမ္မစစ်မှုထမ်းစေဖို့အတွက် ကျေးရွာတွေထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်းလာရင်တော့ ကျနော်တို့စီမံခန့်ခွဲမှု ဦးဆောင်မှုအောက်မှာ ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်ပေးတဲ့အတွက် အထိအခိုက် အပျက်အစီးနည်းခဲ့တယ် ပြောရပါမယ်။ စစ်ကြောင်းဝင်လာတုန်းကဆို ပြည်သူတွေ သောင်းနဲ့ချီ ရှောင်ခဲ့ရပါတယ်။” လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုရန်ကြီးအောင် က ပြောပါတယ်။

အခုလိို လမ်းပိုင်းတွေအတွင်း စစ်ကောင်စီတပ်တွေကို ဖြတ်တောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ရာမှာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မရှိအောင် လုပ်ဆောင်နိုင်ဖို့လည်း အခက်အခဲတွေ ကြုံနေရတဲ့အတွက် အရပ်သားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ သွားလာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ စေတနာဝန်ထမ်းတွေအနေနဲ့လည်း လမ်းပိုင်းတွေကို အသုံးပြုသွားလာရာမှာ မိမိရဲ့လုံခြုံရေးအတွက် သက်ဆိုင်ရာတော်လှန်ရေးတပ်တွေရဲ့ စည်းကမ်းတွေကို လိုက်နာရင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်စေလို​တယ်လို​့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) တို့က သတင်းထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိခိုက်သေဆုံးမှု များပြားနေသည့် စစ်အုပ်စု မူးယစ်ဆေးသမားများကို ပိုက်ဆံပေးပြီး မြို့ပေါ် မိုင်းခွဲခိုင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်အသီးသီး၊ နေရာအသီးသီးမှာ ထိခိုက်သေဆုံးမှုတွေ များလာတာကြောင့် မူးယစ်ဆေးသမားတွေကို ပိုက်ဆံပေးပြီး မြို့ပေါ်မှာ မိုင်းခွဲခိုင်းတာမျိုးတွေ လုပ်လာတယ်လို့ ဖားကန့်မြို့ခံတချို့က ပြောပါတယ်။
Read More

မင်းလှမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြင်းထန်စွာ အရေးယူမယ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာကြောင့် ဖြန့်ဖြူးရောင်းချနေသူတွေကို ပြင်းထန်စွာ အပြစ်ပေး အရေးယူမယ်လို့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

တိုက်ပွဲများ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်၍ ပြည်သူများ သတိရှိစွာနေထိုင်ကြပါရန် ဟင်္သာတ ပအဖ ထုတ်ပြန်

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်လို့ ပြည်သူများ သတိရှိစွာနေထိုင်ကြဖို့ ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
Read More

မွန်ဒေသတွင် ဩဂုတ်လအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၃ ပါး ပျံလွန်တော်မူခဲ့

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မွန်ပြည်နယ်မှာ စစ်အုပ်စုရဲ့ အကြောင်းမဲ့ လေကြာင်းတိုက်ခိုက်မှုတွေကြောင့် သံဃာတော် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး ၅ပါးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ကနေ ထုတ်ပြန်တဲ့ စစ်တမ်းအရ သိရပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး (URF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည် နောက်တန်းစခန်း တစ်နေရာမှာ ဇွန် ၇ ရက် ဒီနေ့ မှာ ပြုလုပ်ခဲ့တယ်လို့ URF က ထုတ်ပြန်ပါတယ်။