မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပခုက္ကူလေယဉ်ကွင်းကိုရော့ကတ်တွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း လေယာဥ်ပြေးလမ်းပျက်စီးပြီး စစ်တပ်က ၄ ယောက် သေဆုံးကာ စိုးရိမ်ဒဏ်ရာရသူ ၄ ယောက်အပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့ Cobra One အဖွဲ့တာဝန်ရှိသူက ​မောင်းသတင်းဌာနကို ပြောပါတယ်။

ဇူလိုင်လ ၅ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက လေယာဥ်ကွင်းအတွင်းကို ရော့ကတ် ၁၀ လုံးနဲ့အတူ ၆၀ မမ လက်နက်ကြီးတွေနဲ့ပါ နှစ်ဖက်ညှပ်ပြီး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ ပစ်ခတ်လိုက်တဲ့ ရော့ကတ် ၁၀ လုံးထဲက ၅ လုံးဟာ လေယာဥ်ကွင်းအတွင်း​ ကျရောက်ပေါက်ကွဲခဲ့​တာကြောင့် မျှော်စင်ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါထိခိုက်ဒဏ်ရာရသူတွေထဲက ၃ ယောက်ဟာ စိုးရိမ်ရသလို လေယာဥ်ပြေးလမ်းတွေလည်း ပျက်စီးသွားခဲ့တယ်လို့ Cobra One တာဝန်ရှိသူက ပြောပါတယ်။

“လက်နက်ကြီး ၆၀ မမက တစ်ဖက်၊ ရော့ကတ်ကတစ်ဖက် နှစ်ဖက်ညှပ်ပစ်တာပေါ့။ သိရသလောက် လေယာဥ်ကွင်းမျှော်စင်ပေါ်က ပွိုင့်ဖိုက်နဲ့ လုံခြုံရေးယူနေတဲ့ စခမ တစ်ယောက်ပွဲချင်းပြီး​ သေတယ် သတင်းရတယ်။ အသည်းအသန်ဖြစ်တဲ့ ကောင်တွေလည်း ဂန့်ဖို့များတယ်။ ၆၀ မမပစ်တဲ့ဘက်ကလည်း စခ ၈ ကောင်လောက် ဒဏ်ရာရပါတယ်” လို့ Cobra One အဖွဲ့တာဝန်ရှိသူက ​မောင်းသတင်းဌာနကို ပြောပါတယ်။

*Cobra One အဖွဲ့ တာဝန်ရှိသူထံမှ ထပ်မံရရှိတဲ့ သတင်းအရ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး၊ ပြင်းထန်ဒဏ်ရာရသူ ၄ ယောက်အပါအဝင် အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ (ထပ်မံဖြည့်စွက်ချက်)

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နိုင်ဖို့ စစ်ကောင်စီက ပခုက္ကူလေယာဥ်ကွင်းကို မနှစ်ကတည်းက အပြီးသတ်ပြင်ဆင်ပြီးခဲ့တာဖြစ်ပြီး လေယာဥ်တွေ ဆင်းသက်ပျံသန်းနေပြီလို့လည်း သိရပါတယ်။

အဆိုပါ ပခုက္ကူလေယဉ်ကွင်းကနေ Y12အမျိုးစားလေယာဥ်တွေအပါဝင် စက်တ​ပ်လေထီးတွေနဲ့ မြစ်ခြေ၊ ကမ္မ၊ ရေစကြို၊ မြိုင်စတဲ့ နယ်မြေတွေက အရပ်သားတွေကို နေ့စဥ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း Cobra One က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်တွေရှိရာဆီကို လေယာဥ်ကွင်းစောင့် စစ်ကောင်စီတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE နဲ့ အတူ ပခုက္ကူမြို့နယ်တပ်ရင်း ၁ ပကဖ၊ coloun 1 ၊ BA NYEIN GUERRILLA FORCE ၊ ခရိုင် ပကဖ တပ်ခွဲ (၅)ဧရာဒေါင်း နယ်မြေ (၁)ကာကွယ်ရေး Ploplo young force၊ ဒေါင်းညီနောင် (PKU)၊ Soutthern(YSO) ၊ Yesagyo Revolution Group(YRG)၊ ပြည်သူအားမာန် (YSO) နဲ့ King Cobra တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူလေယာဥ်ကွင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေစဥ် (ဓာတ်ပုံ COBRS ONE)

0 Shares:
You May Also Like
Read More

ချောက်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Chauk Revolution Army (CRA) က ထုတ်ပြန်ထားပါတယ်။
Read More

ခန္တီးတွင် ဗျူဟာမှူးကွပ်ကဲသည့် ပဒူးမုန်းရွာစခန်းကုန်းအား ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂) ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု နောက်ပိုင်းမှာ အများကြီးဖြစ်လာနိုင်

စစ်မျက်နှာ အနှံ့အပြားမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေကို စစ်တပ်ကနေ ထွက်ခွင့်မပေးဘဲ ရှေ့တန်းပို့တာတွေကြောင့် နောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ စစ်သားတွေ အများကြီး ရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ် Cluster ဗုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ်က Cluster ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်တပ်က ရော့ကတ်တွေ၊ ဗုံးသီးတွေနဲ့ ကြဲချလို့ အမျိုးသမီး ၁ယောက်သေဆုံးပြီး ၉ယောက် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရော့ကတ်ဗုံးသီးတွေထဲ မပေါက်ကွဲသေးတာတွေရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။