မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။

ရဲတပ်ကြပ် ကိုဝင်းခိုင်ဟာ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်းထံ ဇူလိုင်လ ၁ ရက်က အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ နေရာမှာ လွတ်လပ်စွာ နေခိုင်းထားတယ်လို့ ဆိုပါတယ်။

“ဆက်သွယ်ပြီး ဝင်လာတာ မဟုတ်ဘူးဗျ သူ့ပါသာ စခန်းကနေ ထွက်လာပြီး ကျွန်တော်တို့ရှိရာ ဂိတ်ကို ရောက်လာတာ ၊လက်နက်ကတော့ မပါဘူးဗျ” လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းမှ ကိုလန်ဒန်က ပြောပါတယ်။

မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းထံ အလင်းဝင်တဲ့ ရဲတပ်ကြပ်

အလင်းဝင်လာတဲ့ ရဲတပ်ကြပ်ကိုဝင်းခိုင်ဟာ ‌လက်နက်မကိုင်တော့ပဲ မိသားစုတွေနဲ့သာ အေးအေးဆေးဆေး နေချင်တယ်လို့ ပြောတဲ့အတွက် သူ့ရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်ကြပ်ဟာ နွားထိုးကြီးရှိ စစ်အုပ်စုရဲ့ ဂတ်ပိုက်လိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တာ ကြာပြီဖြစ်ပြီး မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီ အလင်းဝင်ရောက်သူဟာ ၂ ယောက် ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ပင်ကြီးစုရွာကို စစ်တပ် ပေါင် (၅၀၀) ဗုံးသီး ကြဲချတိုက်ခိုက်၊ အရပ်သားပြည်သူ (၂) ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ အကြောင်းမဲ့ ပေါင်(၅၀၀)ဗုံးသီး ကြဲချတိုက်ခိုက်ရာ အရပ်သားပြည်သူ(၂) ယောက် ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေ လယ်ယာရိတ်သိမ်းဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက ပျူရွာတွေ အနီးမှာရှိတဲ့ ပြည်သူတွေစိုက်ပျိုးထားတဲ့ လယ်ယာတွေ အဆင်ပြေပြေရိတ်သိမ်းနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေးခဲ့တယ်လို့ ShweBo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 
Read More

မြန်မာ့အရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုတ်ကို မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာတွေ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာပယ်ဟေးမြို့ရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
Read More

စစ်ကျွန်ဇာတ်သွင်းတဲ့ သန်းခေါင်စာရင်းကောက်ယူမှုအတွက် အိမ်တွင်းသပိတ်ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ ထွက်ပေါက်တစ်ခုဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲ သွားရာလမ်းကြောင်းဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ကန့်ကွက်ကြောင်းနဲ့ ဒီလို စစ်ကျွန်ဇာတ်သွင်းနေမှုကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့နေ တော်လှန်ပြည်သူတွေက အိမ်တွင်းသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
Read More

မြိုင်တွင် ပိတ်ဆို့ခံထားရပြီး ငတ်ပြတ်နေသည့် စစ်အုပ်စုရွာကို စစ်ကောင်စီ Y8 လေယာဥ်ဖြင့် ရိက္ခာချပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ သရက်ကန် ပျူစောထီးရွာကို စစ်ကောင်စီက ထောက်ပို့လေယာဥ်နဲ ရိက္ခာထုပ်တွေချပေးခဲ့ကြောင်း TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။
Read More

ကျုံဒိုးမြို့ပေါ်မှ စစ်အုပ်စု ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး သေဆုံးပြီဟု သတင်းထွက်ပေါ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။