မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဆီမီးခုံနယ်မြေ ရဲစခန်းက ရဲတပ်သား ၁ ယောက်က မိသားစုနဲ့အတူ ခဲယမ်းအချို့ ယူဆောင်လာပြီး အလင်းဝင်လာတယ်လို့ မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂ ရက်က မြင်းခြံမြို့နယ်၊ ဆီမီးခုံနယ်မြေ ရဲစခန်းက ရဲတပ်သား အောင်ကိုလတ်ဟာ မိသားစုနဲ့အတူ ကျည် ၁၆၀ နဲ့ MG(1) ဗုံးသီး တစ်လုံးကို ယူဆောင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သားဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို စက်ဆုပ်ရွံရှာပြီးအမြင်မှန်ရကာ မိသားစုနဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အလင်းဝင်ရဲတပ်သားနဲ့ မိသားစုကို လုံခြုံစိတ်ချရတဲ့ နေရာဆီ ပို့ဆောင်ကာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့ မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေအနေနဲ့ အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင်ဆီး ခိုလှုံချင်ရင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ မြင်းခြံမြောက်ပိုင်းသားများ ပြောက်ကျားတပ်ဖွဲ့ (MNGF)က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နမခအတွင်းက တိုင်းစစ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၂လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည်ဟု ကြေညာ

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုဂိတ်စခန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်က စစ်အုပ်စုအထိုင်စခန်းကို ပြောက်ကျားသွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၂ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းနှင့် NUG ကိုယ်စားလှယ် မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ အဖွဲ့ဝင်တွေဟာ တောင်ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ အီယုန်ဆွန်းနဲ့ ဒီနေ့မှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။