ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇူလိုင်လ ၃ ရက်ကစလို့ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာစခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဥကရစ်ထစခန်းနဲ့ ထီသဲလယ်စခန်းတို့ကိုပါ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အဆိုပါဒေသပတ်ဝန်းကျင်ရှိ မြန်မာဘက်ခြမ်းက ဒေသခံပြည်သူ ၃၀၀ ဝန်းကျင်ဟာ ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းစစ်တပ်ကလည်း မြန်မာစစ်ဘေးရှောင်တွေကို ကူညီပေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေနဲ့ပါ တိုက်ခိုက်နေသလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်မှာ စစ်ရေးအသင့်ပြင်ကာ စောင့်ကြည့်နေပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ သေ့ဘောဘိုးစခန်း၊ ထီးကပလယ်စခန်းတို့ကို သိမ်းပိုက်ရရှိထားပြီး ဝေါလေဗျူဟာကုန်း၊ ဥကရစ်ထစခန်းနဲ့ ထီသဲလယ်စခန်းတို့ကိုသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။

ပုံစာ – ထိုင်းစစ်တပ် စစ်ရေးအသင့်ပြင်ထားပုံနဲ့ ထိုင်းဘက်ကို တိမ်းရှောင်နေရတဲ့ မြန်မာစစ်ဘေးရှောင်များ
ဓာတ်ပုံ – AEC Thailand
0 Shares:
You May Also Like
Read More

ခရိုနီသူဌေးကြီး ဦးတေဇ၏သမီးဖြစ်သူ ရေချယ်တေဇ အကြောင်း ဖော်ပြထားသည့် စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက်မှ ဖယ်ရှား

ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue အီတလီရဲ့ မိခင်ကုမ္ပဏီ Condé Nast ဆီ Justice For Myanmar စာပို့ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်းဖော်ပြထားတဲ့ အွန်လိုင်း စာမျက်နှာကို Vogue Italia website ကနေ ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
Read More

ကျားဖြန့်တွေကို အင်တာနက်၊ လျှပ်စစ်မီးနဲ့ လောင်စာဖြတ်တောက်မှု ထိရောက်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ပြော

မြန်မာနယ်စပ်တလျှောက် လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပေါ် ပစ်မှတ်ထားတဲ့ ထိုင်းအစိုးရရဲ့ မကြာသေးမီက အစီအမံတွေဟာ ထိရောက်မှုရှိတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်းမှာနောက်လလုပ်ဖို့ စီစဉ်ထား

ထိုင်းအစိုးရအနေနဲ့ မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို နောက်လမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အတည်ပြုရက် မသတ်မှတ်နိုင်သေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူဦးရေ ၁၉.၉ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေပြီဟု ကုလ ထုတ်ပြန်

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း  မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။