စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်အတွင်းက ကျေးရွာတွေကို ရက်ရှည်ကြာ စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှာ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ မူးယစ်ဆေး အလွန်အကျွံသုံးစွဲသူတွေ ပါဝင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲတွေအပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ စစ်ကောင်စီတပ်သားတွေ ကျန်ရစ်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းနဲ့ ဆက်စပ်တာတွေအပြင် မူးယစ်ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ် အမြောက်အမြားကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

“အရှင် ဖမ်းမိတဲ့ သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရဆို တပ်ထဲမှာ မူးယစ်ဆေးက လိုရင် လိုသလောက် ရတယ်တဲ့။ နယ်မြေရှင်းလင်းဝင်တော့ ရှေ့တန်းပွိုင့်ရဲ့ နေရာတိုင်းလိုလိုမှာ အပ်တွေတွေ့ရတယ်။ အလွန်အကျွံ သုံးကြတာပါ။ ရှေ့တန်းမှာတောင် ဒီလောက်တွေ့ရရင် နောက်တန်းမှာဆို ဒီထက်ပိုဆိုးနိုင်တယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

မူးယစ်ဆေးသုံးစွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မင်းကွန်းတိုက်နယ်အတွင်းက ကင်းရွာနဲ့ ချောင်းမကြီးရွာတွေကို ရွာလုံးကျွတ် ဝင်ရောက်မွှေနှောက်ကာ မီးရှို့ဖျက်ဆီးခဲ့သလို ကင်းရွာက ကျောင်းထိုင်ဆရာတော်အပါဝင် အရပ်သား၄ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“ချောင်းမကြီးနဲ့ ကင်းရွာကတော့ ရစရာမရှိအောင်ကို ဖျက်ဆီးခံလိုက်ရတယ်။ ကျန်ခဲ့တဲ့ အိမ်တောင် အကောင်းတိုင်းရှိတာ မရှိဘူး။ အကုန်နီးပါးလောက်တောင် ပြောရတယ်။ နောက်ဆုံး ဘုရား စေတီ ဘုန်းကြီးကျောင်းတွေက အစ ဖျက်ဆီးသွားကြတာ ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ရက်နေ့ကစလို့ စစ်ကိုင်း၊ မင်းဝံတောင်ရိုးရှိရာဆီ နယ်မြေစိုးမိုးမှုရယူလိုတာကြောင့် စစ်ကြောင်းထိုးနေတဲ့ တပ်မ ၃၃ အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပကဖတပ်ဖွဲ့ဝင်တွေက လတစ်ဝက်ကျော်ကြာ ခုခံတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီကို ကာကင်းတွေ၊ ခုခံစစ်တွေနဲ့ တုံ့ပြန်ခဲ့ရာမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို တော်လှန်ရေးဘက်က စစ်ကောင်စီသုံ့ပန်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စခန်းကုန်းသိမ်းနိုင်ခဲ့တာတွေလည်းရှိတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဟာ ဇွန်လ ၂၇ရက်နေ့မှာ မင်းကွန်းဒေသ၊ နဂါးပတ်တောင် စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့သလို ၂၈ရက်နေ့မှာလည်း ကင်းရွာနဲ့ ချောင်းမကြီးရွာထဲရှိနေတဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းပျက်သွားအောင်အထိ ချေမှုန်းရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ နီးပါးနဲ့ တပ်စွဲထားတဲ့ နဂါးပတ်တောင် စခန်းကုန်းကို တိုက်ခိုက်မှုမှာ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နဲ့ No More Dictarorship အဖွဲ့တို့က စခန်းတွင်းအထိဝင်ရောက်တိုက်ခိုက်ခဲ့သလို People Servant Force ချမ်းမြသာစည် (ပကဖ)၊ မင်းကွန်းတိုက်နယ် (ပကဖ) ဒေါင်းစစ်သည်နဲ့ မဟာမိတ် ပူးပေါင်း နယ်မြေခံရပ်ကျေးအဖွဲ့တွေက တစ်ဖက်ကတိုးလာတဲ့ စစ်ကြောင်းကို ကာပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီအလောင်း ၄ လောင်းနဲ့အတူ G3 ၄ လက်၊ MA1 ၂ လက်၊ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိပြီး ၄ယောက်ကိုလည်း သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“သူတို့ ရည်ရွယ်ချက်က မင်းကွန်းကနေ စပြီး ဧရာဝတီ မြစ်ဘေး တစ်လျှောက်ကို နယ်မြေစိုးမိုးမှု ရချင်တာ။ ဧရာဝတီမြစ်ဘေး မင်းကွန်းလမ်းကနေ မင်းဝံတောင်ရိုးနဲ့ ဆက်နေတဲ့ အမှတ်၃ ခရိုင်ချင်းဆက်လမ်းကို ရချင်လို့ပါ။ ဗျူဟာလမ်းလို့လည်း ခေါ်တယ်။ အဲ့လမ်းက သူတို့အတွက် စစ်ရေးအရ အရေးပါတယ်။ အဲ့ဒါကြောင့် ဧရာဝတီမြစ်နဲ့ အဲ့လမ်းကြားရှိတဲ့ မင်းဝံတောင်ရိုးကို စစ်ကြောင်းထိုးနေတာပါ။ ဗျူဟာလမ်းပေါ်က ဆည်တည်းတောကို စစ်ကြောင်းစထိုးတာ၊ မရတော့ ဒီကောင်တွေ မင်းကွန်းစခန်းမှာ အင်အားသွားပေါင်းပြီး ၁၁ရက်နေ့ကစလို့ စစ်ကြောင်းပြန်စထိုးတာပါ။ အဲ့မှာ ကျနော်တို့တော်လှန်ရေးတပ်တွေ ကင်းရွာကို လက်လွှတ်လိုက်ရတော့ သူတို့တွေရွာကို မီးရှို့တယ်။ အဲ့နောက်တော့ ကျနော်တို့က ချောင်းမကြီးကို စစ်ကြောင်း အကျော်မခံတော့ဘူး။ ၁၈ရက်လောက်ခုခံရင်း ၂၈ရက်နေ့အထိ ပြန်တိုက်တာ မြသိန်းတန်ဘုရားအထိ တပ်ပျက်ပြီး ပြန်ဆုတ်သွားတဲ့အထိပါပဲ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကြောင့် မင်းကွန်းတိုက်နယ်အတွင်းက ကျေးရွာတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရပြီး မိုးရာသီဖြစ်တာနဲ့အညီ အမိုးအကာနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။


ပုံစာ – ရှေ့တန်းပွိုင့်တစ်နေရာတွင် တွေ့ရသည့် စစ်ကောင်စီတပ်သားများ အသုံးပြုခဲ့သော ဆေးထိုးပြွန်များ

0 Shares:
You May Also Like
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အရာရှိ(၁)ဦးအပါ စစ်ကောင်စီတပ်သား (၄)ဦးသေဆုံး…

ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ (၁)ယောက် အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
Read More

ကျားဖြန့်ကိစ္စ အမေရိကန် စွက်ဖက်ဖို့ လုပ်တာဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းတာလို့ ဇော်မင်းထွန်း ပြော

ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတာဟာ ပွဲလန့်တုန်း ဖျာခင်း ဖို့သာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

ကန်ဖန်းရွာမှ အလင်း၀င်လာတဲ့ ပြည်သူ့စစ် ၁၀၀ကျော်ကို KIA ကဂုဏ်ပြု

ကချင်ပြည်နယ် ဖီမော်မြို့၊ ကန်ဖန်းရွာမှ KIA နဲ့ ပူးပေါင်းပြီးအလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ငဖဲမှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့တဲ့ အိုမကျေးရွာ ဒေသခံတွေကို ကူညီထောက်ပံ့မှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိုမကျေးရွာက နေအိမ် ၁၉အိမ်ကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းက ထောက့်ပံငွေတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။