ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့ရဲ့ လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေက ဘူဒိုဇာတွေနဲ့ မြေကြီးတွေကို တူးထုတ်ပြီး ဖျက်ဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ရက်နေ့မှာ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက သိုက်မျှောင်ကုန်းအနီး မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းကို စစ်ကောင်စီတပ်တွေက ဘူဒိုဇာနဲ့ ၁၀ တောင်ခန့် ကုတ်ကာ ဖျက်ဆီးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပေါက်ခေါင်းမြို့နယ်၊ ညောင်ကုန်းရွာအနီး ပြည်-တောင်ငူလမ်းကိုလည်း ဇူလိုင်လ ၁ရက် ညနေ ၅ နာရီခွဲ ဝန်းကျင်အချိန်မှာ ထပ်မံ ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

“သူတို့ရဲ့ ရည်ရွယ်ချက်က ရိုးမထဲက PDF တွေကို အောက်မဆင်းလာစေချင်တာ။ ဒီလမ်းတွေကနေ မင်းလှ မြို့ထဲအထိ သွားလို့ရတယ်ဆိုတော့ အဲ့ဒါကို အဆက်အသွယ်ဖြတ်ချင်တာ။ လမ်းဖျက်တာကို သံချပ်ကာကား ၃စီးနဲ့ အင်အားက ၄၀၀ လောက်ရှိတယ်” လို့ မင်းလှ ပကဖ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အလားတူ ဇွန်လ ၃၀ ရက်၊ ည ၆ နာရီအချိန်မှာ ပေါက်ခေါင်းမြို့နယ်၊ နီပါး‌ဆေးရွာနဲ့ တောင်လည်ရွာကြား ဂွေးပင်ကုန်းနေရာကို တောင်လည် တာဝါတိုင်ရဲကင်းက ဗိုလ်ကြီး အောင်မြင့်မြတ်ဟာ ရဲတပ်သား ၂ယောက်၊ စစ်သား ၆ယောက်တို့နဲ့ လုံခြုံရေးယူကာ ပေါက်ခေါင်း- အုတ်တွင်းလမ်းပိုင်းကို ဘက်ဟိုးနဲ့ ကုတ်ပြီး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဇူလိုင်လ ၁ ရက် နေ့လယ် ၁၁ နာရီအချိန်မှာလည်း ပေါက်ခေါင်း- အုတ်တွင်းလမ်းပိုင်း စမ်းကုန်းကျေးရွာနဲ့ ကြို့ကုန်းကျေးရွာကြား နေရာကို ထပ်မံပြီး ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အခုသူတို့ လမ်းဖျက်တာက PDF တွေကို ရိက္ခာဖြတ်ချင်လို့ပေါ့နော်။ အဲ့လို ပုံစံနဲ့ လမ်းတွေကို လာဖျက်ဆီးသွားတာပါ။ လမ်းဖျက်သွားတဲ့ ကြားက PDF စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့်မို့ သူတို့က လမ်းလာဖျက်သွားတယ်၊ တကယ် ဒုက္ခရောက်တာက ပြည်သူတွေပါပဲ” လို့ အမည်မဖော်လိုတဲ့ ဒေသခံပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

အခုလို လမ်းဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး ၊ ပညာရေး ၊ အစားအသောက်နဲ့ ကုန်စည်သယ်ယူရေးတို့မှာ အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပုံစာ – မင်းလှနှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် လမ်းပိုင်းတချို့ကို စစ်ကောင်စီ ဖျက်ဆီးထားပုံ
0 Shares:
You May Also Like
Read More

မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့လယ် ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA နဲ့ Ta'ang Women's Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲမှ အောင်ပွဲဖြင့် ပြန်လာသည့် BLDF ရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်တွေကို ပြည်သူတွေ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ နိုဝင်ဘာ (၁)လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ရွှေဝါရောင် စိတ်ဓာတ် ဆုပ်ကိုင်ပြီး နွေဦးတော်လှန်ရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး) ထုတ်ပြန်

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ် သံဃသမဂ္ဂ(မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

NLD သန်လျင်လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် လွတ်မြာက်နယ်မြေမှာ ကွယ်လွန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (ခ) ကိုပေါက်စ ဟာ ဒီနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။