မကွေးတိုင်း၊ စလင်းမြို့တောင်အထွက်ရှိ စစ်ကောင်စီရဲ့ ဂိတ်စခန်းငယ်တစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်း တပ်ဖွဲ့ထံက သိရပါတယ်။

မနေ့က ဇူလိုင်လ ၄ရက် ည ၇နာရီခွဲကျော်လောက်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀ ဝန်းကျင် ဂိတ်ချထားတဲ့ အဆိုပါ စခန်းငယ်ကို အပြင်းစားမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် ဗိုလ်မှူး မိုးဝေယံလင်း အပါအဝင် ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့သေဆုံးမှုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့တာပါ။ အဲဒီဂိတ်ဖွင့်ထားတာ ၁ နှစ်လောက်ရှိပြီ။ တစ်ပတ်လောက် ဂိတ်ချလိုက် ပြန်ရုတ်သိမ်းလိုက်နဲ့ (အမြဲမရှိဘူး)” လို့ ပြည်သူ့ညီနောင် – စလင်း တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။

ပုံစာ – စစ်ကောင်စီ ဂိတ်စခန်းတစ်ခု (ပုံဟောင်း)

အဆိုပါဂိတ်စခန်းကို ဖောက်ခွဲဖို့အတွက် ၂ ရက်အချိန်ယူပြီး မိုင်းကိုကြိုတင်ထောင်ထားခဲ့ကြောင်းနဲ့ မိုင်းဆွဲခံရပြီး သေဆုံးသွားသူနဲ့ ဒဏ်ရာရသူတွေကို လူနာတင်ကားတွေနဲ့ စလင်းဆေးရုံကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

ဖောက်ခွဲမှုတွေပြုလုပ်ပြီးတဲ့နောက် အဆိုပါဂိတ်နေရာကို စစ်ကောင်စီတပ်သားတွေက ရောက်ရှိလာပြီး လူအင်အားဖြည့်တင်းထားတဲ့အပြင် ကား၊ ဆိုင်ကယ်တွေကို တင်းကြပ်စွာ စစ်ဆေးနေသလို ပြည်သူတွေကိုလည်း ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို စလင်းမြို့ပြ (UG) ကျားပေါက်အဖွဲ့ ၊ ပြည်သူ့လုံခြုံရေး (ပလဖ)ယာယီ၊ ဗမာ့တပ်တော် (Bamar Army) နဲ့ ပေါက်တောင်ပိုင်း ကျန်းမာရေးသူနာပြုတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

SNA ရှမ်းနီတပ်များ၏ ဖမ်းဆီးခြင်းခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူ ၁ဦး လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း​မြို့နယ်အတွင်း ရွှေမျှောလုပ်ငန်းလုပ်ကိုင်နေရင်း SNA ရှမ်းနီတပ်ရဲ့ဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၁ ယောက် တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

စာသင်ကျောင်းမှာ ‘ကျောင်းဆရာဆရာမများ စာသင်ရပ်ရန်’ ဆိုပြီး စာကပ်သွားလို့ အုပ်ကြီးက စစ်တပ်ကိုလှမ်းတိုင်၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

ချောက်မြို့နယ် ကိုင်းထောက်ကန်ရွာကို ဝင်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေ ၁၁ ဦး ဒဏ်ရာရ၊ စစ်တပ်က လူနေအိမ် ၃ လုံးကို မီးရှို့ကာ ပြည်သူတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကိုင်းထောက်ကန်ရွာကို ဝင်ရောက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲပစ်ခတ်ခံရတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို CDF-Asho တိုက်ခိုက်သိမ်းပိုက်၊ စခန်းစွန့်ခွာရသွားသည့် စစ်အုပ်စုများက အရှိုချင်းရွာ၂ ရွာမှ ဒေသခံ ၁၄ ဦးခန့်ကို ဖမ်းဆီးထား

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းကုန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Chin Defence Force - Asho က ထုတ်ပြန်ထားပါတယ်။
Read More

ရေဘေးဒဏ်ခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တကသများ-ရန်ကုန်က စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်း

၂ နှစ်ကြာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မုန်တိုင်းရဲ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကိုပါ တစ်ပါတည်းခံစားနေရပြီး ကျန်းမာရေးကုသဖို့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ ရှိနေတာကြောင့် လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအချို့ကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။