ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်မြင်သံကြား CDM အရာရှိ ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက စစ်ကောင်စီတပ်သားတွေ လက်နက်ချအလင်းဝင်ရောက် ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

“သင့်အသက်မဆုံးရှုံးခင် မှန်ကန်တဲ့လမ်းကိုရွေးချယ်ပါ။ စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ကျားသစ်နက်စစ်ကြောင်းက သင့်ကို ကြိုဆိုလျှက်ရှိသည်”လို့ Black Panther Column မှ Facebook စာမျက်နှာမှရေးသားမျှဝေထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်ရဲ့ မိုက်ခရိုဝေ့ဖ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု ၆ ယောက်သေကာ ၁ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ရေကန်တောင်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မိုက်ခရိုဝေ့ဖ်စခန်းကို ဒီဇင်ဘာ ၁၇ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။
Read More

မုံရွာ GTC တွင် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားများ ဝင်‌ရောက်ပစ်ခတ်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းမျိုးဆက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ၂ ပွင့်ဗိုလ်အပါ ၈ ဦးသေစေခဲ့သည့် တိုက်ပွဲပြန် တော်လှန်ရေးရဲဘော်များကို ပြည်သူလူထု သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၂ ပွင့်ဗိုလ်အရာရှိ အပါအဝင် ၈ ယောက်သေစေခဲ့တဲ့ တိုက်ပွဲပြန် တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန် မြေအောက်စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသည့် ကလေးငယ်များ (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် မြေအောက်စာသင်ကျောင်းအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနေပြီဖြစ်တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။
Read More

မြိုင်မြို့ပေါ် စျေးဝယ်ထွက်လာတဲ့ ရဲ ၂ ယောက် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ ယောက်လုံးသေ၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက ချောင်းဆုံဂိတ်ကနေ မြိုင်မြို့စျေးကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၂ ယောက်ကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံး သေဆုံးပြီး MA-3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သစ်ရုံကျေးရွာအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် သစ်ရုံကျေးရွာကို ဒီဇင်ဘာ ၆ ရက်က စစ်ကြောင်းထိုးနေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။