မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ပါရာမော်တာ (စက်တပ်လေထီး) ကြဲချတဲ့ ဗုံးထိမှန်ခဲ့လို့ အိုရင်းရွာနေအသက် ၄၀ ကျော်အရွယ် အမျိုးသား၁ယောက်နဲ့ မွေးမြူရေးတိရိစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၅ရက်၊ ဒီနေ့မနက်ပိုင်းမှာ မြိုင်မြို့နယ်တောင်ပိုင်း၊ အိုရင်းကျေးရွာကို စစ်ကောင်စီက ပခုက္ကူတပ်မ-၁၀၁ တက် ပါရာမော်တာ (စက်တပ်လေထီး) နဲ့ ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပါရာမော်တာ ဗုံးသီးတွေဟာ မွေးမြူရေးတိရိစ္ဆာန်တွေရှိရာအပြင် အမျိုးသား ၁ယောက် ပုန်းအောင်းနေတဲ့ ဝါးရုံပင်နားကိုပါ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဆိုပါအမျိုးသား နေရာမှာတင် သေဆုံးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။

“လေထီးက လာတော့ သူက ကြောက်လန့်ပြီး ဝါးရုံပင်ကြားထဲသွားပုန်းတာ။ ဗုံးက သူ့အနောက်နားကျပြီး ဗုံးစက သူ့ကျောကိုပေါက်သွားတာပါ။ လေထီး ၂စီးနဲ့ ၃လုံးချတာ၊ အဲ့ ၁လုံးအပြင် နောက်အခြားဘက်ကျတဲ့ အလုံးတွေက မြင်းတွေရော ဆိတ်တွေရော သေတယ်လို့သိရတယ်။” လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလကစလို့ ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေအတွက် ကမ္မ-ရေပြာ လမ်းတစ်ဝိုက်ကို စစ်ကောင်စီက Y12 လေယာဥ်နဲ့ ဗုံးသီးအလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သေးကြောင်း သိရပါတယ်။

“ကမ္မကနေ ရေပြာကိုသွားတဲ့လမ်းပိုင်း တက်မတောင်ကြော အရှေ့တကြောလုံးကို စစ်ကြောင်းတစ်ခုက နေရာယူထားတယ်။ တက်မအနောက်ဘက် တောင်ခြေမှာလည်း စစ်ကြောင်းတစ်ခုရှိတယ်။ တက်မတောင်မှာ တော်လှန်ရေးတပ်တွေ ပိတ်ထားတော့ အခုထိ ရှေ့မတက်နိုင်သေးဘူး။ ရိက္ခာကားတန်းတွေပါ ပါတယ်။ အဲ့ဒါကြောင့် ရှေ့ပြေးကင်းတွေအတွက် ဗုံးတွေကြဲနေတာပါ။” လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

ပုံစာ – စစ်ကောင်စီ၏ စက်တပ်လေထီးကြောင့် သေဆုံးခဲ့သူနှင့် ဗုံးကျရောက်ခဲ့သည့်နေရာအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

စစ်မှုထမ်းမဲပေါက်လို့ စစ်တပ်ထဲ ဝင်ခဲ့ရသည့် တပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်လာ

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၃ ယောက်ဟာ စစ်မှုထမ်းအတွက် မဲပေါက်ပြီး စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရပေမယ့် အခုတော့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်…

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း မူးမြစ်တစ်လျှောက် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ဒီပဲယင်းမြို့နယ် ပအဖ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေအတွက် အရေးကြီးတဲ့ မူးမြစ် တစ်လျှောက် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆည်မြောင်းဌာန၊ စိုက်ပျိုးရေးဌာနတို့နဲ့ ဒေသတွင်းရှိတောင်သူတွေ ပူးပေါင်းပြီး ရေလမ်းရှင်း အမှိုက်ဆည်ယူခြင်း၊ ခြုံနွယ်တွေ ရှင်းလင်းခြင်း စတဲ့လုပ်ငန်းတွေကို အခုနှစ် ဇူလိုင်လ စိုက်ပျိုးချိန်အမီ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲပေးရန် နာရီပိုင်းအလိုတွင် ကမာရွတ် မြို့နယ်ရွေးကော်ရုံးအား ပြောက်ကျားတပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်က စစ်အုပ်စုရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ၂ခုက ဒီဇင်ဘာလ ၂၈ရက် ဒီမနက်အစောပိုင်းမှာ ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖို ပဲခူးရိုးမအတွင်း ခရီးသွားလာခွင့် ခေတ္တပိတ်ပင် 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အပိုင်ထဲက ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် လမ်းခရီးသွားလာခွင့် ခေတ္တတားမြစ်ပိတ်ထားကြောင်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။