မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲကင်းစခန်းသို့ တပ်ချိန်းဖို့နဲ့ လက်နက်ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် ယာဉ် ၄ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး ဗိုလ် ၁ ယောက်အပါအဝင် ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TGYR – Youth Guerrilla Counter Revolution -NZ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၇ ရက် မနက်ပိုင်းက ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ကို ဖြတ်ပြီး ငါန်းမြာကြီးရဲကင်းစခန်းကို လာတဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ကား ၄ စီးကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ယာဉ်တွေကို တံတားဦး-ဆီးမီးခုံ ဆက်သွယ်ထားတဲ့ ကားလမ်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ယောက် မျက်မြင်သေဆုံးကာ ဗိုလ် ၁ ယောက်အပါအဝင် ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ရိက္ခာကား ၂ စီး၊ MA-1 ၂ လက်၊ MA-3 ၁ လက်၊ MA-11 ၁လက်နဲ့ စစ်လက်နက် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ ပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင် အမှတ်-၅ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်- ၇ တပ်ရင်း၊ အမရပူရမြို့နယ် ပကဖ၊ မြင်းခြံမြောက်ပိုင်းသားတပ်ဖွဲ့၊ ကျားကြီးတပ်ဖွဲ့နဲ့ နယ်မြေခံအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အင်အား ၅၀ ခန့်ရှိ စစ်အုပ်စုနဲ့ ၇နာရီကျော်ကြာ တိုက်ပွဲဖြစ်၊ စစ်သား ၆ ယောက်သေကာ ပျူ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့ လေ့ကျင့်ရေး အမှတ် (၁၀) က ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၂၁) တပ်ရင်းထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ကိုထိန်လင်းက ဆို (ရုပ်/သံ)

လွတ်လပ်ရေးနေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဝန်းဝန်ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ရုပ်သံကတဆင့်ပြောကြားလိုက်ပါတယ်။
Read More

ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင် ကျဆုံးခဲ့ရတဲ့ ရဲဘော် ကိုရှိုင်း စျာပနအခမ်းအနား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ တပ်စိပ်မှူး ရဲဘော် မိုးဒီ (ခ) ကိုရှိုင်းစျာပနကို စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမှာ စစ်ကြောင်းထိုးတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲ၊ အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာ သဲလမ်းရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၉ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်တာ ဒရုန်းနဲ့ ဗုံးသီးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's knight Defense Force Myinmu (PKDF-MMU) အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ကြေးနီတင်ယာဉ်နှင့် စစ်ကောင်စီလုံခြုံရေးယာဉ် စုစုပေါင်း ၅၆ စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ လုံခြုံရေးလိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။