စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ဖို့ ချိတ်ဆက်တာ ၁ ပတ်ကျော်ခန့်ရှိပြီဖြစ်ကာ ဇူလိုင်လ ၄ ရက်နေ့မှာတော့ (SAGAING-PDF) တပ်ဖွဲ့ထံ MA အမျိုးအစား သေနတ် ၂ လက်နဲ့အတူ ရောက်ရှိလာခဲ့တယ်လို့ ‌ဆိုပါတယ်။

“လုံခြုံရေးအရ သူတို့အလင်းဝင်ရောက်လာတဲ့ တပ်ရင်းကိုတော့ ဖြေဆိုနိုင်ခြင်းမရှိပါခင်ဗျာ။‌ ကျနော်တို့ကိုဆက်သွယ်ပြီး တစ်ပတ်အတွင်းမှာ ရအောင်ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်” လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) တာဝန်ခံ ရဲဘော်စစ်ငြိမ်းနိုင်က မောင်း ကိုပြောပါတယ် ။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ယောက်ကို ဆုကြေးငွေတွေ ချီးမြှင့်ကာ သူတို့ဘဝ ဆက်လက်ရပ်တည်ရှင်သန်နိုင်ရေအတွက် ကူညီသွားမယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ကောင်စီတပ်သား ၂ယောက်ကလည်း လက်နက်မကိုင်တော့ဘဲ လွတ်မြောက်နယ်မြေမှာ နေထိုင်ရင်း ဖြတ်သန်းသွားဖို့ ဆန္ဒရှိကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အလင်းဝင်ရောက်နိုင်ကြောင်းနဲ့ အလင်းဝင်လာသူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ အရိုးပြာကို ကဝမြို့နယ် ပကဖ ဂူသွင်းပြီး အလံတစ်ဝက်ချ အလေးပြု

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ရဲဘော်ဗထူးရဲ့ အရိုးပြာကို ဂူသွင်းခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ အလံတစ်ဝက်ချ ဂုဏ်ပြုအလေးပြုခြင်း၊ ချီတက်အလေးပြုခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စုဂိတ်စခန်းတစ်ခုအား ဒရုန်း ၁၀ စီးဖြင့် တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။
Read More

လောင်းရှည်တိုက်နယ်မှာ ဆန္ဒထုတ်ဖော်လို့ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုဝင်တွေကို PDF က ကူညီထောက်ပံ့…

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှာ ၂၀၂၁ ခုနှစ် လူထုဆန္ဒထုတ်ဖော်ချိန်ကစလို့ အခုချိန်အထိ ဆန္ဒထုတ်ဖော်လို့ အဖမ်းခံခဲ့ရတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုတွေကို ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းက ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ဗိုလ်နာမည် အသုံးချကာ မူးယစ်ဆေးသုံးစွဲသူထံမှ ငွေကျပ် ၆၅ သိန်း တောင်းခံသည့် အုပ်ချုပ်ရေးမှူး ဖမ်းဆီးချုပ်နှောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ဗိုလ်နာမည်အသုံးချပြီး မူးယစ်ဆေးဝါးသုံးစွဲသူဆီက လိမ်လည်ငွေညှစ်ခဲ့တဲ့ သဲတော၊ အမှတ်၁ ကံဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ညွန့်ဆိုသူ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းစမှ ယနေ့အထိ စစ်အုပ်စုကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ၇ ထောင်ကျော် သေဆုံးခဲ့ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု အာဏာသိမ်းမှု အစကနေ ဒီနေ့အချိန်ထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း (၇၁၁၇) ယောက် ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟိုယတွင် MNDAA နှင့် အာဏာသိမ်းစစ်တပ် အခြေအနေ တင်းမာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်အနီး ဟိုဟမှာ MNDAA တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေတို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သေနတ်ပစ်ဖောက်မှုတွေရှိခဲ့ပြီး နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။