ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားခရိုင်) တပ်မဟာ (၄) ဌာနချုပ်ဟောင်း‌ မယ်သမီခီး(ထီးခီး) မှာ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဇူလိုင်လ (၅)ရက် ဒီနေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ (K.N.L.A) day ဂုဏ်ပြုပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဂုဏ်ပြုပွဲကို KNU မြိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဖလို့စိုးဝေး၊ တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးထော အပါအဝင် ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေ၊ ကရင်လူငယ်အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ဌာနဆိုင်ရာလူငယ်တွေ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

MNDAA က ဆက်လက်ထိုးစစ်ဆင်မှုတွေ လုံး၀ပြုလုပ်မှာမဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်သာ လုပ်ဆောင်မယ်လို့ ပြော

ရှမ်းမြောက်ဒေသမှာ လားရှိုးအပါအဝင် မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MNDAA က မန္တလေးနဲ့တောင်ကြီးကို ဆက်လက်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်မှာမဟုတ်ဘဲ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်သာ လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ညပိုင်းမှာ MNDAA က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် MNDAA က NUG နဲ့စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်းတွေလည်း ပြုလုပ်ခြင်းမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

မန္တလေးမြို့တွင် ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းမဲပြန်နှိုက်ရန် စစ်ကောင်စီ အတင်းအကြပ် လုပ်ဆောင်နေ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်တိုင်းလိုလိုမှာ အကြမ်းဖက်စစ်တပ်က ရပ်ကွက်နေပြည်သူတွေကို စစ်မှုထမ်းမဲနှိုက်တာတွေ ပြန်လည်လုပ်ဆောင်ခိုင်းနေပြီး မဲစာရင်းထဲမှာ သေဆုံးသူတွေနဲ့ စစ်သား၊ ရဲတွေပါ ပြန်နှိုက်​​နေရတယ်လို့ Voice Of Mandalay ဆီက သိရပါတယ်။
Read More

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက် KNDF ထံ လက်နက်နဲ့ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။    
Read More

ပေါင်းတည်တွင် အကြမ်းဖက်စစ်တပ် စစ်ကူစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ဝဲကြီးဆည်ဘောင်ကနေ သိမ်ကုန်းတာဝါတိုင်စခန်းကို အင်အားဖြည့်ဖို့ စစ်ကူထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး စစ်လက်နက် ပစ္စည်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းမှ ဒုတပ်ကြပ် ဦးဆောင်ကာ စစ်မှုထမ်းတပ်သား ၁၈ ဦးနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းက ဒုတပ်ကြပ် ၁ ယောက် ဦးဆောင်ပြီး စစ်မှုထမ်းတပ်သား ၁၈ ယောက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Ranger Kalay Defend Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

NUG အစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျဥက္ကဋ္ဌ မရှားဝန်ကြီးချုပ်ဆီ သဝဏ်လွှာပေးပို့၊ အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်နယ်မြေရဲ့ ၂၅ ရာခိုင်နှုန်းအောက်သာ ထိန်းချုပ်ထားနိုင်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Dato' Seri Anwar Ibrahim ဆီ ဇန်နဝါရီ ၇ ရက်မှာ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။