ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၄ ရက် မနေ့က ညပိုင်းမှာ အချိန် ၅ မိနစ်ကျော်သာ ခြားပြီး တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး ( ၂) ကြိမ် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီပေါမြို့တွင်းရှိ ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင် (၁)ဆောင်၊ စည်ပင် အဆောက်အဦး (၅)လုံးနဲ့ နေအိမ် (၈) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၂) ကလည်း မန်လီကျေးရွာကို စစ်ကောင်စီက လေယာဥ်နဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး လာ‌ရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်း တိုက်ပွဲမဖြစ်ပွားတဲ့ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်(၂) ယောက် အပါအဝင် ပြည်သူ (၂၂) ယောက် ထိမှန်ဒဏ်ရာရရှိပြီး (၅) ယောက် သေဆုံးတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီကြောင့် ချင်းမှာ ၄ နှစ်အတွင်း အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ထောင်နီးပါး သေဆုံးခဲ့ရ

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အပတ်စဉ် (၂) အခြေခံစစ်သင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အခြေခံ စစ်သင်တန်းအပါတ်စဉ် (၂) သင်တန်း ဓာတ်ပုံမှတ်တမ်းတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူ့ကို အဖက်ပင်မလုပ်ကြောင်း မင်းအောင်လှိုင် ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ သူ့ဘက်က ဖိတ်ခေါ်ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူ့ကို အဖက် မလုပ်ဘဲ ဆက်လက်တိုက်ခိုက်နေကြောင်း ပြောကြားလိုက်ပါတယ်။
Read More

အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်ရတော့မည့် အချိန်ရောက်ပြီဟု အဖွဲ့အသီးသီးနှင့် ခေါင်းဆောင်များ လက်ခံကြောင်း ဒေါက်တာဇော်ဝေစိုး ပြော

လက်ရှိအချိန်ဟာ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်တိုက်ပွဲဝင်ရတော့မယ့်အချိန် ဖြစ်တယ်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလာပါတယ်။
Read More

စစ်ကောင်စီ အပစ်ရပ်ကာလအတွင်း KNU ထိန်းချုပ်သည့် နယ်မြေများကို အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်

အာဏာသိမ်းစစ်တပ်က အပစ်ရပ်ကာလမှာ KNU ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။