မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းအား တော်လှန် ရေးတပ်တွေက အသင့်စောင့်ဆိုင်းပြီး ပျောက်ကြားတိုက်ခိုက်ခဲ့ရာ ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းက ပွင့်ဖြူမြို့နယ်အတွင်း အင်အား ၈၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ရေပုတ်ကလေးကျေးရွာအနောက်ဘက် ချောင်းဖြူပေါင်းမှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းပြီး လက်ဦးမှုရယူပျောက်ကြားတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ပြီး ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူ ပကဖ နဲ့ ပခုက္ကူ PPDF ၊ 7 Stars ဗိုလ်စနေအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပေမယ့် လက်နက်အချို့ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆား‌တောင်မြို့ အနောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးခန့် သေ၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားတောင်မြို့အနောက်ဘက်ကို အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း သေဆုံးပြီး‌ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ တော်ဝင်ဒေါင်းတပ်ရင်းရဲ့ အာဇာနည် (၁၂) ဦး (ရုပ်/သံ)

ယနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် တော်ဝင်ဒေါင်းတပ်ရင်းရဲ့ အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်သွားခဲ့တဲ့ အာဇာနည် ၁၂ ဦးရဲ့အကြောင်းကို ဖော်ပြလိုက်ရပါတယ်။
Read More

ကင်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ၁ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နယ်၊ ကင်းရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ယာဉ် ၁ စီး ပျက်စီးပြီး ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော-ဆိပ်ဖြူလမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၈ ရက်က ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို ပဒေသာမိုင်း ၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၁)ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်း ရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ စခန်းကို တိုက်ခိုက်ခဲ့စဉ် ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်းရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တယ်လို့ White Dragon -P29904 မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စက်မှုထမ်းဥပဒေအလိုမရှိကြောင်း လူငယ်တွေ လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စက်မှုထမ်းဥပဒေအလိုမရှိကြောင်း လူငယ်တွေ လူထုသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။