ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း တအာင်းတပ်မတော် (TNLA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ တရုတ်နိုင်ငံက နှစ်ဖက်စလုံး သီးခြားစီ ခေါ်ယူတွေ့ဆုံပြီး တိုက်ပွဲတွေ ရပ်တန့်ဖို့ ပြောကြားခဲ့တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။

ဇူလိုင်လ ၅ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောခွင့်ရ လွေးယေဦးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တရုတ်အစိုးရကနေတစ်ဆင့် ကျမတို့ PSLF/TNLA ဗဟိုကိုရော၊ စစ်ကောင်စီကိုပါ သီးခြားတွေ့ဆုံဆွေးနွေးတာတွေ ရှိပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်မှုက ခရီးရောက်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်တွေရပ်ဖို့၊ အပစ်ရပ်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ဖို့ တရုတ်ဘက်က ပြောကြားခဲ့ပါတယ်” လို့ လွေးယေဦးက ပြောဆိုခဲ့တာပါ။

“၁၀၂၇ စစ်ဆင်ရေး” မှာ TNLA က နောင်ချိုမြို့ကို ထိန်းချုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ “ဟိုင်ဂင်သဘောတူညီချက်” အရ အပစ်အခတ်ရပ်စဲထားခဲ့ပေမယ့် စစ်ကောင်စီတပ်က အင်အားထောင်နဲ့ချီ အသုံးပြုပြီး နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ကြီးတွေ ဆင်နွှဲလာတာကြောင့် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

TNLA အနေနဲ့ နောင်ချိုမြို့ကို လက်မလွှတ်ရရေးအတွက် အခိုင်အမာ ခုခံကာကွယ်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

“လက်ရှိကတော့ တရုတ်အစိုးရ အစီအစဥ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ကျမတို့ ဆောင်ရွက်နေပါတယ်။ အဓိက က အပစ်ရပ်ဖို့၊ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့တွေ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ နောင်ချိုကို လက်လွှတ်ပေးတာမျိုး၊ ဆုံးဖြတ်ချက် ချတာမျိုးတွေ မရှိသေးဘူးပေါ့နော်။ ခုခံကာကွယ်မှုကိုလည်း ကျမတို့ ပြင်ဆင်ထားပါတယ်။ ဒီအပေါ်မှာတော့ ပြည်သူလူထုအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ မြင်ပါတယ်” လို့ လွေးယေဦးက ပြောပါတယ်။
လာမယ့် သြဂုတ်လမှာလည်း တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့အတူ စစ်ကောင်စီနဲ့ TNLA တို့ တရားဝင်တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာရှိနေပါတယ်။

“သြဂုတ်လမှာ ဆွေးနွေးဖို့ကတော့ ယတိပြတ်ပြောဖို့ စောပါသေးတယ်။ ဘာလို့ဆို အချိန်က ၂ လလော​က် ကျန်ပါသေးတယ်။ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ တဖက်နဲ့ တဖက် ထိုးစစ်ဆင်မှုတွေ မပြုလုပ်ဖို့၊ အရပ်သားတွေရဲ့ စားဝတ်နေရေးတွေ ပြေလည်အောင်ဆောင်ရွက်ဖို့ ဒါကတော့ ကျမတို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ တွေ့ဆုံမှုကတော့ သက်ရောက်မှုက ဘယ်လိုရှိနိုင်မလဲ မပြောတတ်သေးဘူးပေါ့နော်” လို့ လွေးယေဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း တရုတ်ကြားဝင်စေ့စပ်မှုနဲ့ တွေ့ဆုံမှုမှာ အကြမ်းဖက်စစ်ကောင်စီက နောင်ချိုအပါအဝင် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွာဖို့ တောင်းဆိုခဲ့ပေမယ့် လက်ရှိအချိန်ထိ မြို့ပေါင်း ၁၂ မြို့ကို ထိန်းချုပ်ထားနိုင်တဲ့ TNLA ကတော့ စစ်ကောင်စီတောင်းဆိုတဲ့ မြို့တွေကို လက်လွှတ်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ မေလဆန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပုံစာ – မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်၊ TNLA ပြောခွင့်ရ လွေးယေဦး၊ TNLA တပ်ဖွဲ့
0 Shares:
You May Also Like
Read More

တောင်ကိုးရီးယားသမ္မတ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဟာ ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ညနေ နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းကတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Read More

မြန်မာနိုင်ငံကို မြေပြင်ဆေးအဖွဲ့စေလွှတ်မည့် အစီအစဉ် စစ်ကောင်စီတောင်းဆိုချက်ကြောင့် မလေးရှား ဆိုင်းငံ့ထား

မြန်မာပြည်မှာ မြေပြင်ကွင်းဆင်းဆေးရုံတစ်ခု တည်ဆောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ မလေးရှားကနေ ဆေးဘက်အရာရှိတွေ စေလွှတ်မယ့် အစီအစဉ်ကို စစ်ကောင်စီတောင်းဆိုချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၁၇ ရက်မှာ ပြောပါတယ်။
Read More

လူထုထံအာဏာပြန်အပ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆို၊ လွှတ်တော်ဖျက်သိမ်းပြီး ၂ လအတွင်း ရွေးကောက်ပွဲလုပ်ဖွယ်ရှိ

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်ဟာ ကြာသပတေးနေ့ ဒီဇင်ဘာလ ၁၀ ရက်ညက သူ့ရဲ့လူမှုကွန်ရက်မှာ “လူထုထံ အာဏာပြန်အပ်မယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
Read More

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပဲ ပိတ်မိမနေဖို့နဲ့ စစ်ကောင်စီကို နေရာပေး ဆက်ဆံမှုတွေ ရပ်ဖို့ အရပ်ဘက်အဖွဲ့ ၂၆၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆို

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ စစ်ကောင်စီနဲ့  ထိတွေ့ဆက်ဆံနေမှုကို အမြန်ဆုံး ရပ်တန့်ဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

လူကုန်ကူးမှုများကြောင့် နာမည်ပျက် ဖိအားများနေချိန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးခေါင်းစဉ်နှင့် BGF/ DKBA၊ တရုတ်လုပ်ငန်းရှင်တို့ အစည်းအဝေးထိုင်

BGF နဲ့ DKBA တပ်ခေါင်းဆောင်တွေနဲ့ မြဝတီ (ရွှေကုက္ကိုလ်) မှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ စောချစ်သူရဲ့ဦးဆောင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်က အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် CI စခန်း ၄ ခု ဖွင့်လှစ်နေ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် CI စာအုပ်ကို စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။