မန္တလေးတုင်း မြင်းခြံခရိုင် ငါးဇွန်နဲ့ မြို့သာအကြား စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူတွေက ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)ထံမှ သိရပါတယ်။

ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက လက်နက်ကျည်ရိက္ခာပို့စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းအား ငါန်းဇွန်နဲ့ မြို့သာအကြား တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်း တပ် ပျက်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းမှူးအပါအဝင် စစ်သားအယောက် ၃၀ ခန့် သေဆုံးပြီး တပ်ကြပ်အပါအဝင် စစ်သား ၄ ဘောက် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း ၅ နှင့် ဒေသ ပြည်သူကာကွယ်ရေးတပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်အတွင်း စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ချေမှုန်း၊ စစ်သားနှင့် ပျူ ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွာကျေးရွာကြားရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Anyar Federal Task Forceမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေပြည်သာ ပကဖ နှင့် Yangon Federal Army – YFA ပူးပေါင်းပြီး လွတ်မြောက်နယ်မြေမှာ အခြေခံစစ်ပညာသင်တန်းဖွင့် (ရုပ်/သံ)

ရွှေပြည်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Yangon Federal Army - YFA တို့ ပူးပေါင်းပြီး တိုင်းရင်းသားနယ်မြေ တစ်နေရာမှာ ၂/၂၀၂၄ အပတ်စဉ် အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာမှာ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာမှာ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်း အင်အားအများအပြားကို တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်အုပ်စုအထိနာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးသွား (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်တယ်လို့ Taung Tha People Defense Force က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

SSNDF / KNDF B-103 က စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် သင်တန်းသား ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူ သင်တောရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ သင်တောရွာက ကုန်စုံဆိုင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့  Kawlin info ထံက သိရပါတယ်။