ဒီနေ့မှာကျရောက်တဲ့ ကော်သူးလေတပ်မတော် (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA) ၇၆ ကြိမ်မြောက် နှစ်ပတ်လည်နေ့မှာ KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က တပ်ဗိုလ်တပ်မှူးတွေနဲ့ မိဘပြည်သူတွေအတွက် မိန့်ခွန်းပြောကြားလိုက်ပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာ တော်လှန်ရေးအတွေ့အကြုံအရ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးလမ်းစဥ်လိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ လက်နက်ကိုင်လမ်းစဥ်ကိုပဲ လိုက်ခဲ့ရတယ်လို့ ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ပြောပါတယ်။ စစ်တိုက်တာကို မကြိုက်ပေမယ့် တခြားနည်းလမ်းမရှိဘူးလို့ ဆိုပါတယ်။

“ကျနော်တို့လူမျိုးရဲ့ အခွင့်အရေးကို သွေး၊ ချွေး၊ အသက်နဲ့ရင်းပြီးတော့ တိုက်ယူရတယ်။ တခြားနည်းလမ်း မရှိဘူး။ ဆိုလိုတာက ကျနော်တို့ စစ်တိုက်တာကို ကြိုက်လို့မဟုတ်ဘူး။ စစ်သားအနေနဲ့ စစ်တိုက်တာ ကြိုက်လို့တော့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလမ်းစဥ်ကို ကျနော်တို့ အကြိမ်ကြိမ် သွားခဲ့ဖူးပြီးပြီ။ နောက်ဆုံးတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပဲ ကျနော်တို့ရဲ့ တပ်ကို ထူထောင်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ပြီး တိုက်ယူရတာဖြစ်တယ်။”

ကရင်လူမျိုးတွေဟာ တော်လှန်ရေးမစတင်ခင်ကတည်းက လွတ်လပ်မှုနဲ့ ကော်သူးလေ လို့ ခေါ်ဆိုမယ့် ကရင်ပြည်ကို ထူထောင်ဖို့ ဆန္ဒရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာ တိုက်ပွဲတွေအတွင်း အဖိုးတန် ခေါင်းဆောင်တွေ လူငယ်လူရွယ်တွေ များစွာကို ဆုံးရှုံးခဲ့ရပေမယ့် လိုချင်တဲ့ ပန်းတိုင်ကို အခုချိန်ထိ မရောက်ရှိသေးဘူးလို့လည်း KNLA ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။ လက်ရှိကာလမှာတော့ တခြားတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကာ ရည်မှန်းချက်တွေ ပိုမိုရှင်သန်လာတယ်လို့ ဆိုပါတယ်။
“အခြားလူမျိုးများဟာလည်း ကျနော်တို့နဲ့ လက်တွဲပူးပေါင်းတာတွေ ရှိတယ်။ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အားကောင်းလာတယ်။ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေဟာ ပိုပြီး ထင်သာမြင်သာရှိလာတာကို တွေ့မြင်လာတယ်။ ကျနော်တို့ရဲ့ လွတ်လပ်မှုကို ပြန်လည်ရရှိရေး ရည်မှန်းချက်နဲ့ အိပ်မက်တွေဟာ ဒီထက် ရှင်သန်လာပြီး ကြီးထွားလာတယ်။ ကျနော်တို့ အခုတိုက်နေတာ ကျနော်တို့ရဲ့ ကော်သူးလေတပ်မတော် တစ်ဖွဲ့ပဲ တိုက်တာမဟုတ်ပါဘူး။ အခြားလူမျိုးများဖြစ်တဲ့ ဗမာတို့၊ မွန်လူမျိုးတို့ ပါတယ်။ ကျနော်တို့ လိုချင်ကြတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက် အတူတကွ ပေါင်းစည်းပြီးတော့ လုပ်ဆောင်တယ်။ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပဲ ပူးပေါင်းလုပ်ဆောင်တယ်”

တော်လှန်ရေးအတွက် ပေးဆပ်ခဲ့ရသူတွေရဲ့ ရည်မှန်းချက်ပြည့်ဝဖို့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေက စိတ်ဓာတ်မကျဘဲ ကြိုးပမ်းရမှာဖြစ်ကာ လိုချင်တဲ့ လွတ်လပ်မှုကို အသက်၊ သွေး၊ ချွေးတို့နဲ့ ဝယ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဆိုရိုးစကားတစ်ခုရှိတယ်။ အဲ့ဒါက ကျနော်တို့ ရဲရင် ရန်သူက ကျနော်တို့ကို ကြောက်မယ်။ ကျနော်တို့ ကြောက်မယ်ဆိုရင် ရန်သူက ကျ‌နော်တို့အပေါ် ရဲတင်းလာမယ်။ ဒါကြောင့် ကျနော်တို့ ရဲရမယ်။ ကျနော်တို့ရဲမှ ရန်သူဟာ ကျနော်တို့ကို ကြောက်မှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ တာဝန်ထမ်းရွက်တဲ့အခါမှာ ရဲစွမ်းသတ္တိရှိဖို့ လိုတယ်။” လို့ KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ပြောကြားခဲ့ပါတယ်။

ပုံစာ – KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် KNLA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးသီးအလုံးရေ ၇၀ နီးပါး ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

Chinland Defense Force – Kalay-Kabaw-Gangaw တပ်ရင်း ၁ ရဲ့ အခြေခံ မွမ်းမံ စစ်သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw (CDF - KKG) တပ်ရင်း (၁) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာ မွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

စစ်ကောင်စီကို ILO အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအရေးယူပေးဖို့ တော်လှန်ညီနောင် ၄ ဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။
Read More

ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော် Lightning တစ်လပြည့် ဆွမ်းကပ်တရားနာ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ရဲ့ ၁ လပြည့် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။