တီမောလက်စ်တေကို အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ခွင့်အပေါ် စစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ “အကျိုးမရှိ၊ မလျော်ကန်ဘူး” လို့ တီမောသမ္မတက ပယ်ချလိုက်ပါတယ်။ 

တီမောဟာ အာဆီယံရဲ့ အခြေခံမူဖြစ်တဲ့ ပြည်တွင်း‌ရေး မစွက်ဖက်ရေးမူကို ချိုးဖောက်ပြီး မြန်မာ့တော်လှန်ရေးအဖွဲ့တွေကို ပံ့ပိုးပေးနေတယ်လို့ ဆိုပြီး စစ်ကောင်စီက အာဆီယံဥက္ကဋ္ဌဆီ ကန့်ကွက်ကြောင်းစာ ပေးပို့ခဲ့တာပါ။

“မြန်မာ (စစ်ကောင်စီရဲ့) ကန့်ကွက်မှုက မလျော်ကန်ပါဘူး။ တီမောလက်စ်တေအတွက် အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ဟာ တရားဝင်ဆုံးဖြတ်ပြီးသားဖြစ်ပြီး နောက်ဆုံးကြေညာချက်မှာလည်း ထပ်ဟပ်နေပါတယ်” “ကျနော်တို့ရဲ့ အပြည့်အဝ အဖွဲ့ဝင်ဖြစ်မှု အခမ်းအနားကို အခုနှစ် အောက်တိုဘာလရဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ လုပ်ဖို့ စီစဉ်ထားပါတယ်” လို့ သမ္မတ ဟိုဆေး ရာမို့စ်ဟိုတာက ပြောပါတယ်။ 

“အာဆီယံဥက္ကဋ္ဌက ဆန္ဒရှိမယ်ဆိုရင် မြန်မာရဲ့ကန့်ကွက်ချက်ကို တုံ့ပြန်နိုင်ပါတယ်၊ ဒါပေမယ့် တီမောလက်စ်တီကို အဖွဲ့ဝင်ခွင့်အတွက် ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်နေဆဲပါပဲ” လို့ သူက ဆက်ပြောပါတယ်။ 

အာဏာသိမ်းပြီးနောက် နိုင်ငံရဲ့ အပယ်ခံအခြေအနေဟာ အာဆီယံအတွင်း အဓိက ဆုံးဖြတ်ချက်ချပေးနိုင်တဲ့ အစွမ်းအစ မရှိကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်။ 

တီမောလက်စ်တေ NGO ဖိုရမ် (FONGTIL) ရဲ့ အမှုဆောင်ဒါရိုက်တာ Valentin da Costa ကလည်း စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို ပယ်ချပြီး ဒီလို ကန့်ကွက်မှုဟာ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တီမောရဲ့ တသမတ်တည်း ထောက်ခံအားပေးမှုကြောင့် ဖြစ်တယ်လို့ အားပေးထောက်ခံ ပြောဆိုပါတယ်။ 

တီမောလက်စ်တေ သမ္မတ ဟိုဆေး ရာမို့စ်ဟိုတာ (ဓာတ်ပုံ AFP)

“မြန်မာ(စစ်ကောင်စီရဲ့) ရပ်တည်ချက်က တီမောလက်စ်တီရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေအပေါ် အားပေးထောက်ခံမှုအပေါ် တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်” သမ္မတနဲ့ ဝန်ကြီးချုပ် နှစ်ယောက်လုံး “စစ်ကောင်စီကို လူသိရှင်ကြား ဝေဖန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံခဲ့ကြတယ်” လို့ da Costa က ပြောပါတယ်။ 

“စစ်ကောင်စီကို တကယ်တမ်း စိတ်မသက်မသာဖြစ်စေတာက တီမောလက်စ်တီက ချမှတ်ထားတဲ့ ဒီမိုကရေစီစံနမူနာပါပဲ၊ နိုင်ငံသားတွေက ပြည်တွင်းရော နိုင်ငံတကာအစိုးရတွေကို အကြောက်တရားမပါဘဲ ပွင့်ပွင့်လင်းလင်း စိန်ခေါ်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုပဲ” လို့ သူက ဆက်ပြောပါတယ်။ 

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအနေနဲ့ စစ်ကောင်စီကို တရားဝင်မှုဆက်ပေးနေရင် တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေတာကို ပြန်စဉ်းစားရလိမ့်မယ်လို့ တီမောဝန်ကြီးချုပ် Xanana Gusmão က ၂၀၂၃ ဩဂုတ်လမှာ ပြောခဲ့ပါတယ်။ 

Dili မှာ ကျင်းပတဲ့ တရားဝင်ပွဲတွေမှာ NUG တာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ပြီး သိပ်မကြာခင်တုန်းကလည်း တီမောရဲ့ သံအမတ်ကို စစ်ကောင်စီက နှင်ထုတ်ခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ် မတ်လမှာလည်း Gusmão ဟာ ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံပြီး တော်လှန်ရေးကို ထောက်ခံကြောင်း ထပ်ပြောခဲ့ပါတယ်။ 

“ဒီမိုကရေစီအခြေခံမူတွေ၊ လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့ စစ်ကောင်စီကို ကျနော်တို့ တိုက်တွန်းပါတယ်” လို့ Gusmão က အဲဒီတုန်းက ပြောခဲ့ပါတယ်။ 

လာမယ့် အောက်တိုဘာလမှာ တီမောလက်စ်တီအနေနဲ့ တရားဝင် အာဆီယံအဖွဲ့ဝင်အဖြစ် စတင်ပါဝင်နိုင်မယ်ဆိုရင် သူတို့အနေနဲ့ အာဆီယံရဲ့ အဖွဲ့ဝင်အသစ် ဖြစ်ရုံသာမက အရှေ့တောင်အာရှ ဒေသအတွင်းမှာရော မြန်မာ့အရေးမှာပါ လူ့အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်မှုနဲ့ ဒီမိုကရက်တစ်ဂုဏ်သိက္ခာတွေကို အခြေခံပြီး ပိုမိုရပ်တည်အားထုတ်နိုင်မှာ ဖြစ်ပါတယ်။  

0 Shares:
You May Also Like
Read More

ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးလုပ်ငန်း တိုးချဲ့နိုင်ဟု JFM ထုတ်ပြန်

မြန်မာနိုင်ငံကိုလာမယ့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ခရီးစဉ်မှာ စစ်လက်နက်ပစ္စည်းထောက်ပံ့တာသာမက စစ်ဘက်ဆိုင်ရာပညာနဲ့ လေ့ကျင့်သင်ကြားရေးအတွက်ပါ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice For Myanmar က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ကမ္ဘောဒီးယား၏ အပစ်ရပ်ချိုးဖောက်မှု အစီရင်ခံစာ မလေးရှား၊ တရုတ်နှင့် အမေရိကန်တို့ကို ထိုင်း တင်ပြ

ဇူလိုင်လ ၂၈ ရက်က မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ အိမ်ရှင်အဖြစ်နဲ့ သက်သေတွေအဖြစ် တက်ရောက်ခဲ့ကြတဲ့ မလေးရှား၊ အမေရိကန်နဲ့ တရုတ်တို့ကို ကမ္ဘောဒီးယားရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချိုးဖောက်ခဲ့တဲ့အကြောင်း အစီရင်ခံစာ တင်သွင်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်က ဇူလိုင်လ ၂၉ ရက်မှာ ပြောပါတယ်။
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိုင်း၊ ကမ္ဘောဒီးယား နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ဖုန်းပြောပြီးနောက် အပစ်ရပ်ဖို့ သဘောတူဟု ဆို၊ ဒီနေ့မနက်ပိုင်းအထိ နယ်စပ်တွင် လက်နက်ကြီးပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေကို နှစ်နိုင်ငံအပစ်ရပ်ဖို့ ဖုန်းခေါ်ပြီး ပြောဆိုခဲ့ရာ အပစ်ရပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။
Read More

ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ အာဆီယံအစည်းအဝေး ၅၀၀ ကျော် တက်ရောက်ခွင့်ရခဲ့

အာဆီယံအစည်းအဝေးတချို့မှာ စစ်အုပ်စု ပါ၀င်တက်ရောက်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
Read More

တရုတ်နည်းတူ ရုရှားလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမယ်လို့ ဆိုပြန်

တရုတ်နိုင်ငံလိုပဲ ရုရှားကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။