ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့မရဲစခန်းက ရဲတပ်သားတစ်ယောက်ဟာ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၄ ရက် ဒီနေ့မှာ လှိုင်းဘွဲ့ မြို့မရဲစခန်းကနေ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ယောက် မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းဆီ ထွက်ပြေး အလင်းဝင်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သား ရန်နိုင်လင်းဟာ ပြည်မြို့၊ ဝက်ထီးကန်ရှိ အမှတ် (၂) အခြေခံရဲလေ့ကျင့်ရေးသင်တန်းကျောင်း အပတ်စဉ် – ၂၉၂ စည်သူတပ်ခွဲမှာ သင်တန်းတက်ရောက်ခဲ့ပြီး ရဲလုပ်သက် ၁၁ နှစ်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ အလင်းဝင်ရဲတပ်သားဟာ လှိုင်းဘွဲ့မြို့မရဲစခန်းမှာ တာဝန်ကျနေချိန် စစ်ကောင်စီရဲ့ ပြည်သူအပေါ် အကြမ်းဖက်မှုတွေကို လက်မခံနိုင်တာကြောင့် ပြီးခဲ့တဲ့ မတ်လမှာ မိဘတွေရှိရာ တနင်္သာရီမြို့နယ်ဘက် ထွက်ပြေးလာပြီးနောက် ဒီနေ့မှာ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းဆီ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သားကို မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ကောင်းမွန်စွာစောင့်ရှောက်ထားရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ ဆက်လက် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒဂုံတောင်က အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်ဆင်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေ မှာ ဖော်ပြလာပါတယ်။
Read More

မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်တွေကို Red Wolves of Mogok တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထား ရယူပြီး ဆုံးဖြတ်သွားမယ်လို့ ဗိုလ်ချုပ် ဂွမ်မော်ပြော

လက်ရှိ KIA နဲ့ TNLA ကြားဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထားရယူပြီး ဆုံးဖြတ်သွားမယ်လို့ KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။
Read More

ပြည်မြို့တွင် စစ်ကော်မရှင် လက်အောက်ခံ အချင်းချင်း ပေါ်တာမှားဆွဲမှု ဖြစ်ပွား

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်အချင်းချင်း ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အချင်းများကာ ရိုက်နှက်ဖမ်းဆီးမှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 
Read More

တောင်သာမြို့နယ်တွင် စစ်တပ်ဂိတ်စခန်းများကို မြင်းခြံခရိုင် တပ်ရင်း (၃) တပြိုင်တည်း စီးနင်းတိုက်ခိုက်၊ စစ်သားအလောင်း ၃ လောင်း တွေ့ရှိကာ ဂိတ်များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးခဲ့ပြီး ဂိတ်စခန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကော်မရှင် အဓမ္မ တပ်သားသစ်စုဆောင်းမှု ခန့်မှန်းထားသည်ထက် ပိုမိုရရှိနေ၊ ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူ အနည်းငယ်သာရှိဟု ဆို

အာဏာသိမ်း အကြမ်းဖက်စစ်တပ်က တရားမဝင် စစ်မှုထမ်းဥပ‌ဒေ ပြဌာန်းပြီးတဲ့နောက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းရရှိနေမှုဟာ ခန့်မှန်းထားတာထက် ပိုမိုများပြားနေပြီး ပြန်လည်ထွက်ပြေးလွတ်မြောက်လာတဲ့ အရေအတွက်က အနည်းငယ်သာရှိတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပါတယ်။