ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ဇရစ်မျှောင်ရွာထဲဝင်လာချိန် ဒေသခံတွေက ကျေးရွာထဲကနေ ထွက်ပြေးတိမ်းရှောင်ကြပေမယ့် အဆိုပါ အမျိုးသမီး ၅ ယောက်ဟာ နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတချို့ကိုပြန်လာယူရင်း စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးကာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

“အဲ့ရွာက အမျိုးသမီးတွေက ရှောင်နေတာကနေပြီးတော့ ပြန်ပြီးတော့ပစ္စည်းယူတာ။ လိုအပ်တာလေး ပြန်ယူတဲ့အချိန်မှာ စစ်ကြောင်းနဲ့ တိုးပြီးတော့အဖမ်းခံရတယ်။ ဖုန်းတွေကိုလည်း စစ်တပ်က သိမ်းသွားတယ်” လို့ မင်းလှနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မသင်းသင်းဦး၊ မပါပါ၊ မအသေး၊ မမိချိုနဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဇရစ်မျှောင်ရွာ ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အသက် (၆၀) ဝန်းကျင်အရွယ် တစ်ယောက်လည်းပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ရိုးမထဲကနေ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ထမင်းမစားရတာ ၃ ရက်ခန့်ရှိပြီဖြစ်တဲ့အတွက် အဆိုပါအမျိုးသမီး ၅ ယောက်ကို သူတို့အတွက် ချက်ပြုတ်ကျွေးမွေးဖို့ ဖမ်းဆီးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“မီးရှို့တဲ့ခွေးတွေက ဘာဖြစ်နေလဲဆိုတော့ ထမင်းငတ်ပြတ်နေတယ်။ ရိုးမထဲကို စစ်ကြောင်းထိုးနေတာ ၃ ရက်ရှိနေပြီ။ ဒီကောင်တွေထမင်းမစားရဘူး။ အဲဒီ ၅ ယောက်ကိုဖမ်းထားတာ ထမင်းချက်ဖို့လည်း ဖြစ်နိုင်တယ်။ ထမင်းပဲချက်ခိုင်းလား ဘယ်လိုလုပ်ခိုင်းမလဲဆိုတာတော့မသိဘူး ” လို့ သူကဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့အထိ ဇရစ်မျှောင်ဘုန်းကြီးကျောင်းထဲမှာ အထိုင်ချထားဆဲဖြစ်သလို ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဘန့်ဘွေးကုန်းရွာထဲဝင်ပြီး ရွာသားတွေရဲ့ ဖုန်းတွေကိုသိမ်းတဲ့အပြင် ဆဲဆိုတာတွေလည်း ပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

CDF – KKG တပ်ရင်း (၂) ရဲ့ အပတ်စဉ် ( ၅ ) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ 

Chinland Defense Force, Kalay - Kabaw - Gangaw (CDF - KKG) တပ်ရင်း (၂) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီ ပကဖ လေကြောင်းရန်ကာကွယ်ရေး သင်တန်းပေး (ဓာတ်ပုံသတင်း)

ကနီမြို့နယ်အတွင်း ပြည်သူအခြေပြု စာသင်ကျောင်းတွေမှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးနဲ့ လက်တွေ့သရုပ်ပြသင်တန်း လေ့ကျင့်ပေးမှုတွေကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ကြောင်း ပကဖအသံက ဖော်ပြထားပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ နယ်မြေက ပြည်သူတွေနဲ့ တော်လှန်ရဲဘော်တွေရဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ၊ အမှတ် ၃ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ စုပေါင်းကျင်းပပြုလုပ်တဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် ပုံရိပ်တွေကို ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အောင်လံတွင် ပစ်ခတ်ရှင်းခံထားရသည့် စစ်တပ်ဒေါက်တိုင် ၂ ဦး၏ နေအိမ်များအား ချိတ်ပိတ်သွားမည်ဟု ပကဖ ပြော 

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်၂ယောက်ရဲ့နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းသွားဖို့ရှိတာကြောင့် ရောင်းဝယ်ဖောက်ကားခြင်းမပြုဖို့ အောင်လံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

မောင်တော နခခ (၅) စခန်းကို လှိုဏ်ခေါင်းတူးကာ နှစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်၊ AA ရဲ့ မိုင်းရှင်းလင်းရေး စစ်သည်တချို့ အသက်နဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ - နခခ(၅) စခန်းသိမ်းတိုက်ပွဲအတွင်း နင်းမိုင်းအန္တရာယ်ကြောင့် လှိုင်ခေါင်းပါ တူးပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း ရက္ခိုင်တပ်တော် AA က  အသိပေးထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။