ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။

ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ နဲ့ ၁၃၅ တပ်ရင်းစခန်းတို့ကို ​ဇွန်လ ၂၅ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ဇွန်လ ၃၀ ရက်မှာတော့ ခလရ ၁၃၄ ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီလိုအောင်မြင်မှု့တွေဟာ ကျနော်တို့ ကရင်နီစစ်သည်တိုင်းရဲ့ ရှေ့ လယ် နောက် အားလုံးကြိုးစားမှု့ကြောင့်သာဖြစ်တယ်၊ အားလုံးကို လေးစားပါတယ်၊ အလေးပြုပါတယ်၊ တိုက်ပွဲတွင်းမှာ ကျနော့်ရဲ့ ဆူဆဲတာလည်းခံ၊ အော်ငေါက်တာလည်းခံ ကျနော်တွန်းသလောက် လိုက်ရွေ့ပေးတဲ့ စစ်ကြောင်းမှူးတွေကိုလည်း ချီးကျူးဂုဏ်ပြုပါတယ်” လို့ KNDF ဒုစစ်ဦးချုပ် မာဝီက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အဆိုပါတပ်ရင်းစခန်း ၂ ခုကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဒီနေ့အချိန်ကာလအထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာအမျိုးမျိုးအပြင် Y 12 ၊ Y 8 ၊ FTC 2000G ၊ Military Transport Aircraft နဲ့ လေကြောင်းပစ်ကူတွေ ဆက်တိုက်ဆိုသလို အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂ ရက် မနက်အစောပိုင်း ၁ နာရီမှာတော့ စစ်ကောင်စီက ဖားဆောင်းမြို့တိုက်ပွဲကို လေကြောင်းပစ်ကူ လာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၄ စီးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC 2000G ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ချခံခဲ့ရတဲ့ ဂျက်ဖိုက်တာကို သေဆုံး ရုပ်အလောင်း ၂ လောင်းနဲ့အတူ ဇူလိုင်လ ၃ ရက် မွန်းလွဲပိုင်းမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် သာလွန်လက်နက်တွေ အသုံးပြုတိုက်ခိုက်နေတာတွေကို အစွမ်းကုန် တန်ပြန်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံညှိုနှိုင်းရေးကသာ အဖြေဖြစ်တယ်လို့ မင်းအောင်လှိုင် အကြိမ်ကြိမ် ပြောဆိုနေ

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးမှာ ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ ဆွေးနွေးတွေ့ဆုံ ညှိုနှိုင်းရေးကသာ အောင်မြင်နိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မြောင်မြို့နယ်၊ ပန်းညိုရွာက စာသင်ကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မြေတော်ရွာကို မီးဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် လီဆယ်လှည့်ဖြားမှုသာဖြစ်ဟု  NUG ထုတ်ပြန် 

အကြမ်းဖက်စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ဖားကန့်၊ ထုံးဘိုကျေးရွာကို စစ်ကော်မရှင် ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်၊ ပြည်သူ ၂ ​ဦးသေပြီး ၁ ဦးဒဏ်ရာရ…

“၃ ဦးမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ပလုံကောက်ရောင်းနေရတဲ့ အခြေခံလူတန်းစားတွေပါ၊ ဘာထိတွေ့မှုမှမရှိပဲ ဒီအတိုင်းရမ်းသမ်းပစ်တာပါ၊ ဒဏ်ရာရတဲ့သူကတော့ အနည်းငယ် စိုးရိမ်ရပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လောင်းလုံးနဲ့ ထားဝယ်မှာ စစ်ကောင်စီစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေနဲ့ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။