စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြားကနေ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ ၁၀၀၃ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

အခြေခံစစ်ပညာသင်တန်းကို စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြားကနေ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်ခဲ့ကြတဲ့ ရဲဘော်တွေနဲ့ သင်ကြားပို့ချပေးခဲ့တဲ့ သင် တန်းဆရာများကို ဂုဏ်ပြုကြောင်း ၁၀၀၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

လက်ရှိသင်တန်းပြီးဆုံးချိန်အထိ စစ်ကောင်စီစစ်ကြောင်းတွေ သင်တန်းကွင်းအနီး စစ်ကြောင်း ထိုးနေတဲ့အတွက် တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွါးနိုင်ပြီး ၁၀၀၃ တပ်ရင်းအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Vide – ၁၀၀၃ တပ်ရင်း/ ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်/ Danu PDF

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်အုပ်စု ရွာ ၂ ရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပေါက်ပင်ရွာနဲ့ နဂါတွင်းရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Monywa Revolution -MR က ထုတ်ပြန်ထားပါတယ်။
Read More

ထီးလင်းမြို့ပေါ် စစ်တပ်အထိုင်ချ နေရာတွေကို ရော့ကတ်တွေ ပစ်ခတ်၊ ဒရုန်းတွေနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကနေ နေ့လည်အထိ ရော့ကတ်တွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီး အလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရ ပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း အတင်းအဓမ္မတပ်သားစုဆောင်း၊ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တာဝေးပစ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်က တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ် ၂၅၁၊ ၂၅၂ တပ်တွေကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ တာဝေးပစ်ရော့ကတ် ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ပန်ဝါဒေသက BGF ဌာနချုပ်ရဲ့ ဆိုင်းဘုတ်ကို KIA ဖြုတ်ချ (ရုပ်/သံ)

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ ပန်ဝါမြို့မှာ နယ်ခြားစောင့်တပ် BGF ရဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်း ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး သေကာ ၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သာမြို့လယ် ဆက်ကြေးကောက်နေသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့လယ်ခေါင်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သား‌တွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။