မန္တလေးတိုင်း၊ တောင်သာမြို့ အမှတ် (၁) စွပ်ကျယ်စက်ရုံမှာ တာဝန်ကျနေတဲ့ ဒုရဲတပ်ကြပ်နဲ့ ရဲတပ်သားတို့ကို အရက်၊ ဘီယာ ထွက်ဝယ်ချိန် အရှင်ဖမ်းမိခဲ့တယ်လို့ Taung Tha People Defense Force (တောင်သာ ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၃ ရက် မနေ့က ညနေပိုင်းမှာ တောင်သာမြို့ အမှတ် (၁) စွပ်ကျယ်စက်ရုံရှိ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲ ၂ ယောက်ဟာ အရက်၊ ဘီယာ ဝယ်ဖို့ မြို့ပြင်ကို ထွက်လာချိန် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ရဲ ၂ ယောက်ဟာ ရန်ကုန် မှော်ဘီရဲတပ်ရင်း(၅) က ရဲတပ်သားအောင်သီဟနဲ့ ဒုတပ်ကြပ် ဟန်ဝေအောင်တို့ ဖြစ်ပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်းနှစ်လုံး၊ လက်ပစ်ဗုံးတစ်လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တိုက်ပွဲများတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနှင့် တပ်သား ၂၀ ကျော် ထိခိုက် သေဆုံးခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနဲ့ တပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဝေဟင်မှ ဗုံးကြဲကာ ပြည်သူ ၅၀၀၀ နီးပါးကို သတ်ဖြတ်ထားသည့် မင်းအောင်လှိုင်က လေကြောင်းတိုက်ခိုက်မှု နိုင်ငံအနှံ့ လုပ်ဆောင်နိုင်နေပြီဟု ဂုဏ်ယူစွာ ပြောဆို

လေကြောင်းတိုက်ခိုက်ရေးကို မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံး ဖြန့်ကျက်ကာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်နေပြီလို့ လေကြောင်းတိုက်ခိုက်ကာ ပြည်သူ ၅၀၀၀ နီးပါးကို သတ်ဖြတ်ထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲတွင် ယှဥ်ပြိုင်မည့် ရွေးကောက်ခံကိုယ်စားလှယ်များ လုံခြုံစွာ မဲဆွယ်စည်းရုံးနိုင်ရေးအတွက် အလေးပေးဆောင်ရွက်ဖို့ မင်းအောင်လှိုင် ပြောဆို…

" ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်၍တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရပါမယ်။ လွှတ်တော်ဟာလည်း သိက္ခာရှိတဲ့လွှတ်တော်ဖြစ်ရပါမယ်"လို့ အာဏာထိန်းတယ်ဆိုပြီး အာဏာလုထားတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

NMSP-AD နဲ့ MLA တပ်တွေ ပူးပေါင်းပြီး ရာမညမွန်တပ်တော် အနေနဲ့ ဆက်ရှိသွားမည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP(AD) ရဲ့ တပ်ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ကို ပေါင်းစည်းပြီး “ဒပ်မန်ရာမည-ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ မေလ၂၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။