ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၅) ယောက် သေဆုံးပြီး (၂၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း ဇူလိုင်လ (၁) ရက် ညပိုင်းက ပိန်းဇလုတ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းကနေ ၈၁ မမ လက်နက်ကြီး (၂)လုံးပစ်ခတ်ရာ ရေတွင်းကုန်းကျေးရွာအတွင်း ကျ‌ရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံး ထိမှန်ပျက်စီးကာ နွား(၃) ကောင် ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၉) ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်ကလာတဲ့ ဂျက်ဖိုက်တာဟာ ဝဲကြီးဝဲဒေါ ကျေးရွာထဲ လာရောက်ပစ်ခတ်မှုကြောင့် (၄) နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၄) ယောက် သေဆုံးပြီး အရပ်သားပြည်သူ (၂၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာလည်း ဇွန်လ (၂၈) ရက် ညပိုင်းက စစ်ကောင်စီရဲ့ ခလရ-၂၆၄ တပ်ရင်းကနေ ဟောင်ဝစ်ဇာတစ်လုံး ပစ်ခတ်ခဲ့ရရာ ချုံအင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနများကို ဆောင်လုပ်ခဲ့သည့် မူလကုမ္ပဏီများ ပြန်ပြင်ရမည်ဟု စစ်ကောင်စီဆို

စစ်ကိုင်းငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံးဌာနအဆောက်အဦးတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေက တာဝန်ယူရမယ်လို့ အဆောက်အဦးတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဧပြီလ ၂၉ ရက်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF တပ်ရင်း (၂) မှ တပ်ရင်းအရာရှိများက တပ်ခွဲမှူးနှင့် ရဲဘော်များကို တွေ့ဆုံခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) က တပ်ရင်းအရာရှိတွေဟာ တပ်ရင်းအတွင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

ABSDF ဗဟိုစစ်ကော်မရှင်နှင့် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီဝင်များ စုစည်းညီညွတ်စွာဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး…

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ-ABSDF) နဲ့ ကျောင်းသားလက်ရုံးတပ်တော်တို့ တစ်နိုင်ငံလုံးရှိ ကျောင်းသား အင်အားစုတွေအပါအဝင် တော်လှန်‌ရေးအင်အားစုတွေကြား စုစည်းညီညွတ်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တပ်ဖွဲ့ ၂ ဖွဲ့က ပူးတွဲအသိပေးချက် ကို ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

MNDAA ၏ စစ်သုံ့ပန်းဟောင်း နမခစစ်တိုင်းမှူး မျိုးမင်းထွေး အမိန့်ဖြင့် ဂန့်ဂေါနယ်ရှိ အရာရှိအချို့နှင့် စစ်မှုထမ်းအများစုပါသည့် စစ်အင်အားများ ကလေးမြို့ကိုရောက်ရှိ၊ စစ်ကြောင်းများပြိုင်ထိုးရန် လုပ်ဆောင်နေ

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ်က ဗျူဟာမှူးအပါအဝင် အကြမ်းဖက်အရာရှိတချို့နဲ့ စစ်အင်အားတွေကို မုံရွာ၊ နမခတိုင်းမှူး မျိုးမင်းထွေးက ကလေးမြို့ဆီခေါ်ယူ အင်အားဖြည့်တင်းရင်း နမခနယ်မြေအတွင်းစစ်ကြောင်းတွေ ပြိုင်ထိုးခိုင်းဖို့ လုပ်ဆောင်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုမှာ ဝိုင်းဝန်းကူညီဆောင်ရွက်မယ်လို့ NUG နဲ့ K2C ကထုတ်ပြန်

မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားမှုကို ဝိုင်းဝန်းအကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးမယ်လို့ NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့ က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။