မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကနေ လူစုကွဲလာတဲ့ စစ်သား ၁ ယောက်ကို လက်နက်နဲ့ အရှင်ဖမ်းမိခဲ့ပေမယ့် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၉၀၂ တပ်ရင်း၊ တပ်ခွဲ ၃ တောင်တွင်းကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က အောင်လံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်း ဖြတ်တောက်ရေးနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ အကြမ်းဖက်စစ်သား ၁ ယောက်ကို လက်နက်နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်သားဟာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကနေ လူစုကွဲလာတာဖြစ်ပြီး သူနဲ့အတူ MA1 အမျိုးအစားသေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၂၀၀ ၊ ၆၀ မမ ဗုံးသီး တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ တပ်သားကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေချိန် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို အမှတ် ၉၀၂ တပ်ရင်း၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်းနဲ့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်မှာ နိုဝင်ဘာလအတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြိမ် ၃၀ ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့၊ ပြည်သူ ၆၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြို့အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

Urban Task Force Aung Ban – UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ Urban Task Force Aung Ban - UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြိုနယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးရဲဘော်သစ်တွေကို MBT တပ်ဖွဲ့ ဖိတ်ခေါ်နေ

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။ 
Read More

ခင်ဦးမြို့နယ်မှာ တန်ဆောင်တိုင်အထိမ်းအမှတ် NUG အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပကဖ ရဲဘော်တွေကို အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်တွေကို တွေ့ဆုံပြီး အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။