ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၊ အမှတ် (၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ ကျွဲချိုတပ်ခွဲရှိ ရဲဘော် မောင်ဒေးဗစ်နဲ့ ရဲဘော် မောင်ဝင်းကိုနိုင် တို့ (၂) ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ချေမှုန်းရင်း ဇွန်လ(၃၀)ရက်မှာ ကျဆုံးခဲ့တယ်လို့ ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော်တွေဖြစ်တဲ့ ရဲဘော်မောင်ဒေးဗစ်နဲ့ ရဲဘော်မောင်ဝင်းကိုနိုင်တို့ဟာ အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ သစ္စာအဓိဌာန်(၄)ချက်နဲ့အညီ ကျင့်ကြံနေထိုင်ခဲ့သလို ၂၀၂၅ခုနှစ်မှာ စတင် တာဝန်ထမ်းဆောင်ခဲ့ကာ ပေးအပ်ရာတိုက်ခိုက်ရေး တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် ၂ ယောက်ဟာ မှန်ကန်တဲ့စိတ်ဓါတ်၊ ရဲစွမ်းသတ္တိနဲ့ ပြည်သူ့တိုက်ပွဲအတွက် အသက်ပေးစတေးခဲ့ရတဲ့အတွက် များစွာသော ဆုံးရှုံးမှုကြီးဖြစ်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ ထပ်တူကြေကွဲရကြောင်း ကျွဲချိုတပ်ခွဲက ထုတ်ပြန်ပါတယ်။

မိုးဗြဲPDF ကျွဲချိုတပ်ခွဲအနေနဲ့ ဒီနေ့အချိန်ထိ တော်လှန်ရေးတစ်လျှောက်လုံး သူရဲကောင်း (၁၄) ယောက်အထိ ပေးဆပ်အသက်ဆုံးရှုံးခဲ့ပြီးသလို ထိခိုက်ဒါဏ်ရာရကာ ကိုယ်လက်အင်္ဂါစွန့်လွတ်ခဲ့ရတဲ့ ရဲဘော်တွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တပ်တွေ (၁)နှစ်ကျော် ထိန်းချုပ်ကာကွယ်ထားတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီက စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကျွဲချိုတပ်ခွဲမှ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေအတွက်လည်း ဆေးဝါးကုသမှု ကုန်ကျစရိတ်တွေကိုလည်း အချိန်အကန့်အသတ်မရှိ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့ Page Messenger ၊ လုံခြုံရေးအတွက် Telegram Channel ကနေ တိုက်ရိုက် ပါဝင်အားဖြည့်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁)လုံး ထိခိုက်ပျက်စီး၊ ရဟန်း (၁)ပါး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇) လုံးနဲ့ လေယာဉ် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း (၁)လုံးနဲ့ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ရဟန်း (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

ဥပုသ်နေ့တွင် ဘုရားနားကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဥပုသ်နေ့မှာ စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
Read More

တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားများ အများအပြား အလင်းဝင်ရောက်လာဟု DPLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား အများအပြား အလင်းဝင်ရောက်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုလွတ်မြောက်ရေးတပ်တော် (DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် အမျိုးသမီးစစ်မှုထမ်းသင်တန်း ကြိတ်ပေးနေတာ ၂ လကြာပြီ ဖြစ်

အမျိုးသမီးတွေပါဝင်တဲ့ စစ်မှုထမ်းအပတ်စဥ် (၁) သင်တန်းစတင်နေတာ ၂လ ကျော်ရှိနေပြီဖြစ်ပြီး သတင်းပေါက်ကြားမှုမရှိအောင် စစ်ကော်မရှင်က တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ Myanmar Defense & Security Institute - MDSI အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။