မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။

မိုးကုတ်ပကဖ ရဲဘော်တွေဟာ မိုးကုတ်ဒေသခံလူထုအတွက် လေကြောင်းရန်ကာကွယ်ရေး၊ ရှင်းလင်းရေးနဲ့ မြေပြိုမှုတွေ ပြန်လည်ပြုပြင်တာအပြင် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဗုံးခိုကျင်းတွေ စနစ်တကျ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့နယ် ပကဖ ရဲဘော်တွေဟာ လူထုအကျိုးပြုလုပ်ငန်းတွေကို ကြိုးပမ်းလုပ်ဆောင်နေတာတွေကို မိုးကုတ်မြို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒေသခံ ပြည်သူတွေကိုယ်တိုင် မျှဝေဖော်ပြခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်ဒေသခံပြည်သူတွေဟာ မိုးကုတ်မြို့နယ် ပကဖ ကို ထောက်ခံဝန်းရံဖို့ တိုက်တွန်းနှိုးဆော်ထားသလို လမ်းပြင်ဆင်ပေးနေတဲ့ ရဲဘော်တွေအတွက်လည်း အချိုရည်နဲ့ အစားအသောက်တွေ မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
Read More

စလင်းမှာ ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံစောင့် စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်၊ စစ်ကောင်စီတပ်သား ၇ယောက်သေပြီး ရဲစခန်းပတ်ပတ်လည်က အတားအဆီးတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တညောင်တိုက်နယ် ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံမှာရှိတဲ့ စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရှိကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချောက်တွင် စစ်အုပ်စုနှင့် PDF ၄ ရက်ဆက် ထိတွေ့မှု့ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ ဦး သေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း Chauk Revolution Army တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေသည့် ကန်နီပျူစောထီး ကျေးရွာကို တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေတဲ့ ကန်နီပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက မောင်းကိုပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂) ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူက စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့က အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။