တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၂ရက်နေ့ မနက်ပိုင်းက ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးရင်း အကြမ်းဖက်စစ်ကောင်စီထံ တော်လှန်ရေးအင်အားတွေရဲ့ သတင်းအချက်အလက်တွေ ပေးနေတဲ့ ချောကလက် (ခ) မြင့်ရှိန် ဆိုသူကို ကော့သောင်းပကဖ တပ်ဖွဲ့ဝင်တွေက နေအိမ်ထဲအထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

ချောကလက်(ခ) မြင့်ရှိန်အနေနဲ့ ပကဖရဲ့ သတိပေးချက်တွေရရှိခဲ့ပေမယ့် စစ်ကောင်စီသတင်းပေးအဖြစ် ရပ်တည်ရင်း မူးယစ်ဆေးဝါးရောင်းဝယ်တာတွေ ဆိုးဆိုးဝါးဝါး ဆက်လက်လုပ်ဆောင်နေတာကြောင့် အခုလိုရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ ကော့သောင်း ပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက ပြောပါတယ်။

“ချောကလက်က ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်ဇာတိပါ။ ၂၀၁၉ လောက်ကတည်းက အေးချမ်းသာရွာကို ဝင်ထွက်သွားလာတယ်။ စျေးရောင်းတယ်ပေါ့။ ဒါပေမယ့် အဓိကက မူးယစ်ဆေးဖြန့်တာပေါ့။ အဲ့အချိန်ကတည်းက စရဖတို့ ရဲတွေနဲ့ပေါင်းပြီး လုပ်တာပေါ့။ ၂၀၂၁ နောက်ပိုင်းကျ လုံးဝ ရွာမှာ အခြေချလိုက်တယ်။ စျေးရောင်းတာကို ဟန်ပြပြီး စခ၊ ရခတွေနဲ့ပေါင်းပြီး မူးယစ်ဆေးရောင်းတာပေါ့။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းတွေစုပြီး သတင်းပို့တာတွေရှိတယ်။ ဒါတွေကိုသတိပေးခဲ့တယ်။ ဒါပေမယ့် သူ မပြင်ဘူး ပိုဆိုးလာတယ်။ မာရန်းရဲစခန်းက စခန်းမှူးအပါ ရဲတွေကို ကျနော်တို့ ပကဖ ရှင်းလိုက်ပြီးနောက်ပိုင်း သူက ပိုဆိုးလာတယ်။ ရဲတွေက အဲ့ရွာကိုမလာရဲကြတော့ သူက အလုပ်ပိုလုပ်လာတယ်ပေါ့။ အဲ့ဒါကြောင့်ရှင်းလင်းလိုက်တာပါ” လို့ မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူများကို တွေ့ရစဥ်

ဒါ့အပြင် အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ခမောက်ကြီးမြို့နယ်၊ ဆိပ်ဖူးကျေးရွာအုပ်ချုပ်ရေးမှူး လှနိုင်ကို ကျေးရွာလမ်းပေါ်တင် ကော့သောင်းပကဖတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

” လှနိုင်ကတော့ စကစထောက်တိုင် အုပ်ကြီးဆိုပေမယ့် ကျနော်တို့က ဒီအတိုင်းမရှင်းပါဘူး။ အုပ်ကြီးဆိုတဲ့ အာဏာပါဝါကို သုံးပြီး ရွာထဲမှာ နိုင်ထက်စီးနင်းတာတွေ စစ်တပ်ကိုသတင်းပေးတာတွေရှိတယ်။ သူ့ကိုလည်း စာနဲ့ရော ဖုန်းနဲ့ရော အကြိမ်ကြိမ်အခါခါ သတိပေးခဲ့ပေမယ့် လက်မခံလို့ ရှင်းခဲ့ရတာပါ။ ပြည်သူ့ရင်ခွင် မရပ်တည်တဲ့သူတွေကို လုပ်ထုံးလုပ်နည်းအတိုင်း ထိထိရောက်ရောက် ဆက်ပြီးအရေးယူသွားမှာပါ” လို့ ရဲဘော်ကျားကြီးက ပြောပါတယ်။

လက်ရှိအခြေအနေအရ ကော့သောင်းနဲ့ ခမောက်ကြီးမြို့နယ်တွေမှာ စိတ်ကြွဆေးပြား (WY) ရောင်းဝယ် သုံးစွဲမှုတွေ များပြားလာတာကြောင့် ရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူသွားဖို့ရှိတဲ့အကြောင်း အသိပေးစာတွေ ဖြန့်ဝေထားပြီးဖြစ်တယ်လို့လည်း ကော့သောင်း ပကဖ က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီယန္တရားမှာ ပါဝင်ဆောင်ရွက်နေသူတွေအနေနဲ့လည်း ပြည်သူဘက်က ရပ်တည်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူများကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

အရပ်သားများကို ဗုံးကြဲပြီးပြန်သည့် စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး အကြမ်းဖက်စစ်သား ၂ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးကြဲပြီးပြန်တဲ့ စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး စစ်သား ၂ယောက် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနနဲ့ PDF တပ်ရင်း-၃ အာဠာဝကစစ်ကြောင်းတို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

နိုဝင်ဘာလအတွင်း ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့

နိုဝင်ဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တဲ့ ဗိုလ်မှူး (၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ (၃၃) ယောက်ဟာ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။ 
Read More

ရေလည်မော်ရွာ ဆိပ်ကမ်းကို စစ်ကောင်စီဗုံးကြဲလို့ အမျိုးသား ၁ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှ့ခြမ်းက ရေလည်မော်ရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေလည်း ထိခိုက်ထားကြောင်း သိရပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းနဲ့ကြို့ပင်ကောက်အစပ်က တံတားမှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တဲ့စစ်အုပ်စုတွေကို ပစ်ခတ်တိုက်ခိုက်…

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ လမ်းသွားလမ်းလာ အရပ်သားတွေကို ရိုက်နှက်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးကိုတေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။