မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဇူလိုင်လ ၃ ရက် မနက် ၇ နာရီကျော်ကနေ ၁၀ နာရီခွဲကျော်တဲ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ငါန်းဇွန်၊ ဆုံရာနဲ့ စမြိတ်ခုံဘက်ကို လက်နက်ခဲယမ်းတွေ သယ်ဆောင်လာမယ်လို့ သတင်းရတဲ့အတွက် မြင်းခြံခရိုင်အမှတ် (၇) တပ်ရင်း Zero ပြောက်ကျားပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၃၀ ရက်ကတည်းက မြင်းခြံနဲ့ ငါန်းဇွန်းမြို့နယ်အစပ် တစ်နေရာမှာ ကင်းပုန်းဝပ် စောင့်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေ စစ်ကား ၅ စီးအပြင် ရှေ့ပြေးကင်းတွေနဲ့ ရောက်လာပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထောင်ထားတဲ့မိုင်းကို တွေ့ရှိသွားတဲ့အတွက် ကစဉ့်ကလျားဖြစ်ကာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေချိန် ကာကွယ်ရေးတပ်ဖွဲ့ဘက်က စနိက်ပါနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကြောင်းမှူးတစ်ယောက် ထိမှန်သေဆုံးသွားတယ်လို့ မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သက်ကြီးက မောင်းကို ပြောပါတယ်။

“ကား ၅ စီးဆီကနေပြီးတော့ ဘယ် ညာ စစ်ကြောင်း ၂ ကြောင်း နဲ့ ခြေလျင်လျှောက်လာတဲ့ ခွေးတွေကို ကျနော်တို့မျက်မြင်တွေ့ခဲ့တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ကင်းပုန်းဝပ်တဲ့နေရာကိုရောက်လာတော့ ကျနော်တို့မိုင်းထောင်ထားတာကို သူတို့တွေ့တော့ မိုင်းတွေဆိုပြီးတော့ ပြေးထွက်သွားပြီးတော့ သေနတ်တွေရမ်းပစ်တယ်၊ လျှိုတွေထဲ ဝင်သွားတဲ့အချိန် ကျနော်တို့က ပထမဆုံး စစ်ကြောင်းမှူးတစ်ကောင်ကို စနိုက်ပါနဲ့ ပစ်ခတ်နိုင်ခဲ့တယ်” လို့ ဆိုပါတယ်။

ပစ်ခတ်သံတွေ ရပ်သွားတဲ့အချိန် စစ်ကောင်စီတပ်သားတွေဟာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထွက်ပြေးသွားပြီအထင်နဲ့ နောက်ထပ်လမ်းပိုင်းတစ်နေရာကို ပတ်လိုက်စဉ် အသင့်စောင့်နေတဲ့ ကာကွယ်ရေးပူးပေါင်းတပ်က RPG ၂ လုံးနဲ့ ပစ်ခတ်ကာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း သေဆုံးသွားတယ်လို့ ဗိုလ်သက်ကြီးက ဆက်ပြောပါတယ်။

မြင်းခြံတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ Zero ပြောက်ကျားတပ်ဖွဲ့)

“ကျနော်တို့က ပစ်ရင်းပြေးတယ်ထင်ပြီး စစ်ကြောင်းတစ်ကြောင်းက ကျနော်တို့ကို ပတ်လိုက်တဲ့အချိန်မှာ ကျနော်တို့က သူတို့ပတ်လာမယ့် ဖြတ်လမ်းမှာ ကျနော်တို့က တစ်ဖွဲ့စောင့်ပြီးတော့ RPG ၂ လုံး နဲ့ ပစ်တဲ့နေရာမှာလည်း တော်တော်များများ သေသွားတာတွေ့ရတယ်။ နောက်အဲဒီစစ်ကြောင်းကိုလည်း ကျနော်တို့ဖြတ်တိုက်တဲ့အချိန်မှာ အားလုံးတောင်ပြေး၊ မြောက်ပြေးနဲ့ ကစဉ့်ကလျားတွေဖြစ်ကုန်တယ် ၊ မျက်မြင် ၃၀ လောက် သေသွားတာလည်း တွေ့တယ်” လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ စစ်ကောင်စီတပ်သားတွေက ရိက္ခာကား ၂ စီးကို ကာဗာယူပြီး ရိက္ခာကားရဲ့ အနောက်က လက်နက်ခဲယမ်းကားကို အရယူပြီး မောင်းသွားချိန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်နိုင်ခဲ့တဲ့အတွက် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန် ငါန်းဇွန်နဲ့ မြို့သာကနေလည်း ဟောင်ဝှစ်ဇာတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့ပါသေးတယ်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့ရာ ၁ယောာက်က လက်နက်လုယူတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့လိုက်ရတယ်လို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ ၃ ယောက်ထဲက ၁ယောက်ဟာ စစ်မှုထမ်းဖို့ မတရားဖမ်းဆီးခံခဲ့ရသူဖြစ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလုံခဲ့ကာ ကျန်စစ်ကောင်စီတပ်သား ၂ ယောက်ကိုတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီ သက်ဆိုင်ရာဌာနကို အပ်နှံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“တစ်ယောက်ကတော့ လက်နက်ပြန်လည်လုတာဖြစ်တဲ့အတွက် နေရာမှာပဲ ပစ်ခတ်ရှင်းလင်းလိုက်ရတယ်။ တစ်ယောက်ကတော့ ဘက်ပြောင်းခိုလုံပေါ့နော်။ စစ်မှုထမ်းတပ်သားသစ် ဘက်ပြောင်းခိုလုံဖြစ်တယ်။ ၂ ယောက်ကတော့ စစ်သားအစစ်တွေပေါ့.. ကျနော်တို့ဖမ်းမိခဲ့ပါတယ်။ လက်နက်တွေလည်း သိမ်းဆည်းပြီးတော့ ရိက္ခာကားလည်း ကျနော်တို့ရခဲ့တယ်” လို့ မြင်းခြံခရိုင်အမှတ် (၇)တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သက်ကြီးက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ မြင်းခြံခရိုင်အမှတ်( ၇) တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မန္တလေးခရိုင်တပ်ရင်း (၅)နဲ့ ဒေသခံမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

မြင်းခြံတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ Zero ပြောက်ကျားတပ်ဖွဲ့)

0 Shares:
You May Also Like
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG အပေါ်ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ဖို့ NUG ယာယီသမ္မတ ပြောကြား

ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

မိုးဗြဲမြို့ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံး၊ စစ်ကောင်စီတပ်မှ အလင်းဝင်လာသူ ၁၆ ဦးရှိပြီး NUG ပညာရေးစနစ်သစ်ကို ဖြေဆိုအောင်မြင်ထားသူအချို့ ပါဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကလေး ၆ယောက်ရဲ့မိခင် သေဆုံးခဲ့ရ

KNU ထိန်းချုပ်ထားတဲ့ ဖာပွန်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ပြည်သူတစ်ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ…
Read More

နွားထိုးကြီးတွင် ရိက္ခာရှာထွက်သည့် စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ညောင်ဦးတွင်လည်း တရားရုံးသွားမည့် ရဲတပ်ဖွဲ့ဝင်၂ ဦး လမ်းတွင် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ညောင်ဦးမြို့နယ်တို့မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ကျားဖြန့်ကိစ္စ အမေရိကန် စွက်ဖက်ဖို့ လုပ်တာဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းတာလို့ ဇော်မင်းထွန်း ပြော

ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတာဟာ ပွဲလန့်တုန်း ဖျာခင်း ဖို့သာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။