မကွေးတိုင်း၊ ချောက်မြို့နယ်ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အင်အား ၈၀ ဝန်းကျင်နဲ့ ထွက်လာချိန် မြေပဒုံနဲ့ တောင်သာရွာကြား‌အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲဝန်းကျင် ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်ကလည်း ၄၀ မမ ၊ ၆၀ မမ ၊ RPG တွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ အရာရှိတစ်ယောက်အပါအဝင် ၁၅ ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ

ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း အထိနာတဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွါးရာနေရာတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“သတင်းရလို့ကြိုစောင့်ပြီး ပစ်ခတ်ခဲ့တာမျိုးမဟုတ်ဘူး။ စထွက်လာပြီးတော့ စစ်ကြောင်းထိုးတာပေါ့နော်။ ရှေ့မှာလည်း ရွာ ၆ ရွာလောက်ကို သူတို့ဖြတ်ပြီး စစ်ကြောင်း တောက်လျှောက်ထိုးလာတာ ရှိတယ်။ ကျနော်တို့နဲ့ စပြီးတွေ့တာကတောင်တာနဲ့ ကြားထဲမှာ စတွေ့ပြီးတော့ တိုက်ပွဲဖြစ်တာပါ။ ဗုံးသီးကတော့ အလုံး ၁၅ လုံး ၊ ၁၆ လုံးလောက်ရှိတယ် ၊ ၃ ခါလာကြဲသွားတယ် ” လို့ Chauk Revolution Army (CRA)တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေချိန်မှာပဲ စစ်ကောင်စီတပ်သားတွေ ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ်တော်လှန်ရေးတပ် (CRA) ၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် /ပေါက် ပကဖ) ၊ မကွေးခရိုင်တပ်ရင်း (၁) ၊ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် ပကဖ) နဲ့ ဒေသခံ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲချတိုက်ခိုက်၊ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊‌ မြောက်ကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းအတွက် ရှေ့ပြေးလာသည့် ပျူခေါင်းဆောင် ဝန တို့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ထံက သိရပါတယ်။
Read More

ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီမီးခုံမြို့နယ်မှ ဒေသခံတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆီမီးခုံသတင်းအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။
Read More

ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောင်နေစဉ် ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုကြောင့် တိုင်းပြည်က တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင် ပြော

ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေစဉ် ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် တိုင်းပြည်က တည်ငြိမ်အေးချမ်းဖို့ ခက်ခဲနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ 
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။