အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ပြန်လည်တိုက်ခိုက်မယ့်၊ စစ်ကောင်စီထံကနေ အလင်းဝင်လာတဲ့ တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ် ၃၂ အောင်ဇေယျ အပတ်စဥ် သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကို KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီး ၊ ဦးကျော်သက်လင်းနဲ့ ဗျူဟာ ၃၂ တာဝန်ရှိသူတွေ လာရောက်ကာ သင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် လူထုတိုက်ပွဲကနေ လူထုအောင်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ ကျားနက်စစ်ကြောင်းက  လူထုနဲ့အတူ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိပြုသလို စစ်ဆင်ရေးအရှိန်မြှင့်တင်နိုင်ရေးအတွက်လည်း တပ်သားသစ်တွေ စိစစ်ခေါ်ယူနေတယ်လို့ ရေးသားထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Black Panther Column)

0 Shares:
You May Also Like
Read More

ရေစကြိုမှာ စစ်ကောင်စီတပ်က PDF စခန်းကို လေကြောင်းဗုံးကြဲ၊ မြေပြင်စစ်ကြောင်းထိုးကာ ပြည်သူ ၁ယောက်ကို သတ်ဖြတ်သွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်စဉ်မှာ ပြည်သူ ၁ယောက်ကို အကြောင်းမဲ့ သတ်ဖြတ်သွားတယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO ထံက သိရပါတယ်။
Read More

မြင်းမူမှာ စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့ ပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ဂွေးပင်တောရွာစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force အဖွဲ့က ​ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ကိုတိုက်ထုတ်ဖို့ ဒရုန်းတွေ ဝယ်ယူစမ်းသပ်မှု ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှည အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ဒရုန်းတွေ ဝယ်ယူစမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ တာဝန်ရှိသူဆီက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်တွင် NUG မှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်၊ မသန်စွမ်းသူများပါ တက်ရောက်ဆွေးနွေးခဲ့

"သင်တန်းကနေ အကျိုးသက်ရောက်မှုတွေ၊အသိပညာတွေအများကြီး ရခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု ပုံစံအမျိုးမျိုးကို သိရှိနားလည်လာခဲ့တာကြောင့် တခြား ဒေသတွေမှာလည်း ခုလိုပဲ ပြုလုပ်ပေးစေလိုပါတယ်’’ လို့ သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားတစ်ယောက်က ပြောကြောင်း NUG ဝန်ကြီးဌာနက သတင်းဖော်ပြထားပါတယ်။
Read More

ထားဝယ်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တိုက်ခိုက်၊ စစ်သား ၅ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  
Read More

ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော် Eric ကျဆုံးမှု အမိန့်ပြန်တမ်းဖတ်ကြားခြင်းနဲ့ သင်္ဂြိုဟ်ခြင်း အခမ်းအနား

ကျောင်းသားလက်ရုံးတပ်တော် - SAF က ရဲဘော် Eric ကျဆုံးမှု အမိန့်ပြန်တမ်းဖတ်ကြားခြင်းနဲ့ သင်္ဂြိုဟ်ခြင်းအခမ်းအနားကို အောက်တ်ိုဘာလ ၁၆ ရက်‌ ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။