မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်မြောက်ပိုင်း၊ ဗဟင်းရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂ ရက်၊ ညနေ ၄ နာရီခွဲကျော်လောက်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးဟာ ဗဟင်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ ပေါင် ၅၀၀ ဗုံး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၁ ယောက်သေဆုံးပြီး နောက်ထပ်အမျိုးသား ၃ ယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

“ဗဟင်းရွာဆေးခန်းရဲ့ တောင်ဘက်ကိုကြဲသွားတာ၊ ထိခိုက်ဒဏ်ရာရတဲ့လူတွေကတော့ မစိုးရိမ်ရပါဘူး၊ ဗဟင်းရွာက ဒီ ၂၀၂၅ ထဲမှာဆိုရင် လေကြောင်းကြဲခံရတာ ၂ ကြိမ်ရှိပါပြီ” လို့ မြိုင်နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံး ထိမှန်ပျက်စီးသွားပြီး ဒဏ်ရာရတဲ့သူတွေထဲမှာ တစ်ယောက်ကတော့ လက်ပြတ်သွားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိပေမယ့် သတိ နဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း မြိုင်မြို့နယ်တောင်ပိုင်း ဇီးတောရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဘုရားတစ်ဆူပြိုကျပြီး ဘုရားလှိုဏ်ဂူ (မြေအောက်ထပ်)မှာ စစ်ဘေးရှောင်နေတဲ့ ကမ္မဒေသခံ စစ်ဘေးရှောင်ပြည်သူ မဌေးကြည် (၃၀)နှစ် သေဆုံးခဲ့ကာ အမျိုးသား ၃ယောက်၊ အမျိုးသမီး ၇ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို ကလေးငယ်တချို့လည်း သတိလစ်မေ့မျောသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့…

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ CRPH ရဲ့ သဝဏ်လွှာထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မဟာမိတ်တွေရရှိခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေ၊ စစ်ရေးအရ သိသာထင်ရှားတဲ့ အောင်ပွဲတွေနဲ့ နယ်မြေထိန်းချုပ်မှု ရရှိထားနိုင်မှုတို့အတွက် ဂုဏ်ယူလေးစားတယ်လို့ ဖော်ပြထားပါတယ်။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

ကမ္မမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အရပ်သား ၃ ဦးနှင့် တော်လှန်ရေးအဖွဲ့ဝင် ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်တစ်နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ Red Giant တော်လှန်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြီးအပြီး လက်ရှိအချိန်ထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်ပြုလုပ်ခဲ့၊ လူပေါင်း ၄၇၁ ဦး သေဆုံးပြီး ၉၃၁ ဦး ဒဏ်ရာရရှိခဲ့

မြန်မာနိုင်ငံမှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးပြီး သန်းနဲ့ချီ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်အပြီး အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို တည်ဆောက်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးတွဲကြေညာ၊ MNDAA ရဲ့ ရှေ့မတိုးနောက်မဆုတ် ကြေညာချက်ကို တန်ပြန်ထုတ်ပြန်ခြင်းဟု လည်းဆို

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို အခြေခံမူများနဲ့ အညီ တည်ဆောက်သွားမယ်လို့ တော်လှန်ရေးအင်အားစု ၉ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် CDF ဟားခါးက ဆုငွေချီးမြှင့်ခဲ့တယ်လို့ Chinland Defense Force - CDF ဟားခါးက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။