မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဝေါရွာသစ်ကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ယောက်အပါအဝင် အရပ်သား ၂ယောက် သေဆုံးပြီး နို့စို့ကလေးအပါ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY -PDF က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၃)ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ မတ္တရာမြို့နယ်၊ ဝေါရွာသစ်ကျေးရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့အတွက် ကလေးငယ် ၁ယောက် သေဆုံးခဲ့ပြီး နို့စို့အရွယ် ကလေးငယ်အပါ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ္တရာမြို့ပေါ် တပ်စွဲထားတဲ့ စစ်အုပ်စုရဲ့  လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝေါရွာသစ်ကျေးရွာအတွင်းက အသက် ၇၅ နှစ်အရွယ် အမျိုးသား ၁ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်နီးပါးရှိခဲ့ကြောင်း MDY -PDF ကပြောပါတယ်။

မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိနေပေမယ့် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကိုပါ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခုလိုမျိုး အကြမ်းဖက်ကောင်စီရဲ့ အရပ်သားတွေအပေါ် ဦးတည်ပစ်မှတ်ထားတဲ့ အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေကြောင့် မတ္တရာ ဒေသခံအများစုဟာ စစ်ဘေးလွတ်ရာဒေသတွေဆီ ပြောင်းရွှေ့နေထိုင်နေရကြောင်း MDY -PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်မှ ပျူခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား…

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က ပျူခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။ အောက်တိုဘာ ၂၁ ရက် မနက် ၁၁ နာရီလောက်မှာ ကျောက်နီမော်ကျေးရွာအခြေစိုက် ပျူစောထီးခေါင်းဆောင် ဦးစိုးသန်းကို သူ့ရဲ့နေအိမ်မှာ ထမင်းစားနေချိန် အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်း တွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်းတွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

မြေပြင်မှာ သုံး၊ လေး၊ ငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ စိုးမိုးနယ်မြေတွေ ကျယ်ဝန်းလာပြီဟု NUG ယာယီသမ္မတ ပြောကြား နှစ် ၇၀ ကျော် အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ချေမှုန်းဖို့ တော်ရုံ ဇွဲသတ္တိ၊ အားထုတ်မှုမျိုးနှင့် မရနိုင်ကြောင်း ယာယီသမ္မတ သတိပေး

မြန်မာနိုင်ငံတစ်ဝန်း လက်ရှိအချိန်မှာ တော်လှန်ရေးတပ်တွေရဲ့ မြေပြင်စိုးမိုးနိုင်မှုဟာ သုံး၊ လေး၊ ငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

စလင်းမြို့နယ်တွင် အတုအယောင်ရွေးကောက်ပွဲအတွက် စစ်တပ် အင်အားဖြည့်တင်းကာ လုံခြုံရေးများ တိုးချထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် ကျေးရွာတွေမှာ လက်နက်ကြီးတပ်ဆင် အထိုင်ချရင်း လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ အယောက် ၂၀ အထိ တိုးလာနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ အယောက် ၂၀ ကျော် ရှိလာပြီလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

ဟန်ပြအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုတွင် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲများ ဖြစ်ပွားနေဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။