ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 

ဒီကနေ့ မနက် ၁၁ နာရီမှာ ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပြီး သူမဟာ ထိုင်းဝန်ကြီးချုပ်ရာထူးနဲ့ ပူးတွဲ တာဝန်ယူထားတဲ့ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ကျမ်းကျိန်ပွဲကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

အခု အစိုးအရအဖွဲ့သစ်ရဲ့ ကျမ်းကျိန်ပွဲမှာ ပေထုန်တန်ကိုယ်စား ယာယီဝန်ကြီးချုပ် တာဝန်ယူထားသူ ပို့ဆောင်ရေးဝန်ကြီး ဆူရီယာ ဂျန်ရွန်ရန်ကစ်က ဘုရင်ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုမယ့် အစိုးရအဖွဲ့ဝင်တွေကို ဦးဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်အရေးအတွက် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောခဲ့တဲ့ အသံဖိုင် ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် နုတ်ထွက်ပေးဖို့ ထိုင်းအထက်လွှတ်တော်အမတ်တွေရဲ့ တောင်းဆိုစာကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေရုံးက လက်ခံခဲ့ပြီးနောက် စီရင်ချက် မချခင်အချိန်အထိ ထိုင်းဝန်ကြီးချုပ်ကို ရာထူးတာဝန်ကနေ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ TheReporters)

0 Shares:
You May Also Like
Read More

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး နယူးယောက်မြို့ UN  ရုံးချုပ်​ရှေ့ ချီတက်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီးက Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
Read More

ကုလအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေး ရိုဟင်ဂျာအရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်…

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အကြိမ် ၈၀ မြောက် ဆက်စပ်အစည်းအဝေးအဖြစ် နယူးယောက် မြို့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာအရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ရန် နေပြည်တော်လာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အုပ်စုရဲ့ လာမယ့်ရွေးကောက်ပွဲကိစ္စတွေနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး တွန်းအားပေးပြောဆိုဖို့ ကြာသပတေးနေ့မှာ နေပြည်တော်ကို သွားရောက်မယ့်အကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

နီပေါဒီမိုကရေစီလှုပ်ရှားမှုကို ဆူပူမှုဟု သုံးနှုန်းပြီး သင်ခန်းစာယူရန် အကြမ်းဖက်မင်းအောင်လှိုင် ပြောဆို… ဆန္ဒပြမှုများ နောက်ကွယ် အင်အားကြီးနိုင်ငံအချို့ပါဟု စွပ်စွဲထား…

လက်ရှိဖြစ်ပွားနေတဲ့ နီပေါနိုင်ငံ အရေးကိစ္စနောက်ကွယ်မှာ အင်အားကြီးနိုင်ငံတွေပါဝင်နေပြီး ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် သင်ခန်းစာယူသင့်ကြောင်း အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်နဲ့ စစ်ကော်မရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

US အစိုးရလက်အောက် သတင်းဌာနများ၏ လုပ်ငန်းများလျှော့ချဖို့  ထရမ့်၏ ညွှန်ကြားမှုကြောင့်  သတင်းထုတ်လွှင့်မှုမှာ အခက်အခဲဖြစ်ပေါ်နေ

VOA နဲ့ RFA သတင်းဌာနတွေအပါအ၀င် အမေရိကန်အစိုးရ လက်အောက်ရှိ သတင်းဌာနတချို့ရဲ့ လုပ်ငန်းတွေလျှော့ချဖို့  ထရမ့်ရဲ့ ညွှန်ကြားချက်ကြောင့်  သတင်းထုတ်လွှင့်မှုမှာအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။