မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက် လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Task Force ngazun က သတင်းထုတ်ပြန်ထားပါတယ်။

တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက်ကို ၁၂ ဘီးကား ၁ စီး၊ ဖောကား ၃ စီး၊ လိုက်ထရပ်ကား ၁ စီး၊ မက်တူးကား ၂ စီး၊ စုစုပေါင်း ကား ၇ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဂွေးကုန်းဂိတ်နဲ့ စက်မှုဇုန်ကြားအရောက် ယာဉ်တွေကို ရပ်ထားပြီး ခြေလျင်စစ်ကြောင်းထိုးလာတဲ့အတွက် မိုင်းကွင်းအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကင်းပုန်းဝပ်ပြီး အသင့်စောင့်ဆိုင်းနေတဲ့ တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိဗိုလ်ကြီး ၁ ယောက်၊ ဗိုလ်လေး ၂ ယောက်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ အနီးနားရွာတွေက ရွာသူရွာသားတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်ပြီး မြို့သာစက်မှုဇုန်ကို ဝင်ရောက်သွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၆) တပ်ရင်း တပ်ခွဲ(၃)၊ မြင်းခြံခရိုင် အမှတ်(၆) တပ်ရင်း တပ်ခွဲ(၂) နဲ့ TGYR Youth Guerrilla Counter Revolution Ngazun အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ၆၀ မမ အစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Special Task Force ngazun

0 Shares:
You May Also Like
Read More

အလုပ်သမားထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်နေမှုများကို အရေးယူပေးဖို့ တောင်းဆို (ရုပ်/သံ)

ရန်ကုန်မြို့မှာ မတ်လ ၁၀ ရက် မနေ့က မြေပြင်သပိတ်အင်အားစုတွေဟာ “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အလုပ်သမားထုအပေါ် ဖိနှိပ်နေမှုတွေကို အရေးယူပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုင်းကွင်းထဲ သောက်စားနေတဲ့ စစ်ကောင်စီတပ်သား တွေ ဖောက်ခွဲခံရပြီး ၄ ယောက်သေ၊ အများအပြား ပြင်းပြင်းထန်ထန် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

နေပြည်တော် တပ်ကုန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ ရေကြီးနေ (ရုပ်သံ)

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ရေကြီးနေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်မြို့ လူစည်းကားရာ နေရာတစ်ခုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က လူစည်းကားတဲ့ လမ်းတစ်နေရာမှာ "အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" စတဲ့ စာသားတွေကို ဆေးနီမှုတ်ရေးသားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy အဖွဲ့ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အရက်ဝယ်ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၃ ဦး တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း အရက်ဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၃ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Special Task Force ngazun က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်း နယ်မြေစိုးမိုးနိုင်ရေး အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်ထောင်စုအဆင့်နဲ့ အင်အား ၄၀၀၀ ခန့်သုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က အစွမ်းကုန်ကာကွယ်လျက်ရှိတယ်လို့ မတ္တရာမြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။