အကြမ်းဖက်စစ်ကောင်စီက ပျောက်ဆုံးကြောင်း ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီလေယာဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်လေယာဥ်ဟာ တရုတ်ထုတ် FTC-2000G အမျိုးအစား ဖြစ်ပြီး စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ သူတို့ရဲ့ တိုက်လေယာဉ်တစ်စီးဟာ နေပြည်တော်ရဲ့ အရှေ့တောင် ကီလိုမီတာ ၁၃၀ အကွာမှာ ပျံသန်းရင်း ရေဒါကနေ ပျောက်ကွယ်သွားတယ်လို့ ကြေညာထားတာပါ။

လက်ရှိမှာတော့ အဆိုပါ လေယာဉ်ကို ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာအနီးမှာ ပျက်ကျထားတဲ့ အပိုင်းအစတွေနဲ့အတူ တွေ့ရပြီး လေယာဥ်အပျက်အစီးရဲ့ အနီးနားမှာလည်း လူသေအလောင်း ၂ လောင်းကို တွေ့ရတယ်လို့ ကနဦး သိရပါတယ်။

KNDF ဒုစစ်ဦးစီးချုပ်မာဝီကလည်း “အသိပေးရမှာ သေချာပြီမလို့ အသိပေးလိုက်သည် ငှက်တစ်ကင် တပ်ရင်းတစ်ရင်း ကရင်နီမှာဖြစ်သည် ကရင်နီစစ်သည်တွေရဲ့ လက်ချက်ဖြစ်သည်” လို့ သူရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

လေယာဉ်ပျက်ကျရာ ဖားဆောင်းမြို့ကို အပြီးသတ်သိမ်းနိုင်ရေးအတွက် တော်လှန်ရေးတပ်တွေဟာ ၂၀၂၄ နှစ်စပိုင်းလောက်ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ဖို့ ကျန်နေသေးတဲ့ ဖားဆောင်းက ခလရ ၁၃၄ နဲ့ ၁၃၅ ကို သိမ်းပိုက်ရရှိကာ ဖားဆောင်းတစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

“၁၃၄ နဲ့ ၁၃၅ မှာ ၁၃၄ ကတော့ လက်နက်ချသွားပြီလို့ ကြားရတယ်ဗျ။ ဒါပေမယ့် ကရင်နီ တပ်ပေါင်းစုက ထုတ်ပြန်တာကိုပဲ စောင့်ရမှာပါ။ တကယ်လို့ ဒီတပ် ၂ ခုလုံးကို ရရင်တော့ ဖားဆောင်းတမြို့လုံးကို ရပြီလို့ ပြောရမှာပါ” လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

သီတာယုမွန် အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကား ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန် အဖွဲ့သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်ကနေ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ (၁) အနေနဲ့ အခြေစိုက်ရာနယ်မြေ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်အားပေး ကူညီဆောင်ရွက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက် မနေ့ကညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။