မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်းကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံက သိရပါတယ်။

ဇွန်လ ၂၃ ရက်နေ့မှာ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးရဲ့  လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်း ပျက်စီးသွားခဲ့ပါတယ်။

အဲဒီအတွက် အဆိုပါမီးလိုင်းကို ပြင်ဖို့လာတဲ့ အင်အား ၁၀၀ ကျော် စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ဟာ ဇူလိုင်လ ၁ ရက် မနက် ၄ နာရီခွဲခန့်အ တောင်သာမြို့နယ်တစ်နေရာမှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ထိတွေ့ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး ၂၀ ဝန်းကျင် ထိမှန်ဒဏ်ရာရရှိခဲ့ကာ တောင်သာဆေးရုံမှာ ဆေးကုသရင်း နောက်ထပ် စစ်ကောင်စီ ၃ ယောက် ထပ်မံသေဆုံးသွားတယ်လို့ ဆိုပါတယ်။

“ပစ်ခတ်မှုက မိနစ် ၃၀ လောက်ပဲ ဖြစ်ပွားခဲ့တယ်၊ တိုက်ပွဲဖြစ်သွားရာ နေရာတင်မှာပဲ ၂ လောင်း၊ နောက် တောင်သာဆေးရုံမှာ ၃ ယောက်ထပ်သေတယ်ဗျ” လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူတူးက မောင်းကိုပြောပါတယ် ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဆီကနေ 5.56ကျည် ၂၀ တောင့် ၊ G-3 ကျည် ၄၆ တောင့် ၊ လက်ပစ်ဗုံး ၅လုံး ၊ ၆၀ မမ ၂လုံး ၊ G-3 ကျည်ဘောက် ၃ခု ၊ MAကျည်ဘောက် ၃ခုနဲ့ ဖုန်း ၁လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားအချို့နှင့် သိမ်းဆည်းရရှိသည့် ခဲယမ်းများ (ဓာတ်ပုံ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း)

0 Shares:
You May Also Like
Read More

ရန်ကုန် မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂ လုံးပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲခဲ့တယ်လို့ Civilian Military SRDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ရေးတင်းမာမှုတွေကြောင့် ပုလော၊ မြိတ်၊ တနင်္သာရီ တလျှောက် ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီမှ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာန ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းက ပုလောမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြား စစ်ရေးတင်းမာနေတာကြောင့် အဲဒီမြို့နယ်တွေ တလျှောက်မှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာနက မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

အခန်းငှါးစားနေတဲ့ ကလေးအကျဉ်းထောင်နှင့် ကိုယ့်စရိတ်နဲ့ကိုယ် အကျဉ်းကျခံရသူများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းခန်းခတွေ တောင်းယူပြီး စီးပွားရေးဆန်ဆန်နဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
Read More

စက်တပ်လေထီး ပစ်ချခံထားရသည့် မြိုင်နှင့်ပေါက်အစပ်တွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်အုပ်စုဘက်အထိနာပြန်ဆုတ်သွား

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ စစ်တပ်ရဲ့ ပါရာမော်တာ စက်တပ်လေထီးကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ချခဲ့ပြီးတဲ့နောက် အဆိုပါ နေရာတဝိုက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

MDY-PDF စိုးမိုးနယ်မြေအတွင်း လူထုတွေ့ဆုံပွဲများနှင့် လေကြောင်းရန် ကာကွယ်ရေး အသိပညာမျှဝေပွဲများ ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ လူထုတွေ့ဆုံပွဲတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးအသိပညာမျှဝေပွဲတွေ ပြုလုပ်ခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။