တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရန်တောင်ကျေးရွာရှိ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆ နာရီကြာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၃၀ ရက် မနက် ၁၁ နာရီဝန်းကျင်ခန့်က ရန်တောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၆ နာရီကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ရွှေဂူတောင်ဂိတ်စခန်းကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ဒေါင်းညီနောင်စစ်ကြောင်းနဲ့အတူ ဒေါင်းညီနောင်ဒရုန်းတပ်အဖွဲ့နဲ့ KNLA တပ်ရင်း (၁၂) တပ်ခွဲ (၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ဒေါင်းညီနောင်စစ်ကြောင်း

0 Shares:
You May Also Like
Read More

ဆဒုံးမြို့ကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှု ကလေးငယ်များအပါ ပြည်သူ ၈ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို အကြမ်းဖက်စစ်ကော်မရှင်က စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြားသေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဟင်္သာကြီးပျူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု အများအပြားသေပြီး လက်နက်ခဲယမ်းများ ရရှိ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဟင်္သာကြီးပျူစခန်းနဲ့ စစ်တပ်စခန်းကုန်းတွေကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာရှိ အကြမ်းဖက်စစ် တပ်အထိုင်စစ်ဆေးရေးဂိတ်ကို စနိုက်ဘာတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Six Senses Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအများအပြားသေဆုံးစေခဲ့တဲ့ ကျောက်ကြီးမြို့နယ်စခန်းသိမ်းတိုက်ပွဲရုပ်သံဖိုင်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၆ ခုကို KNLA ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအ များအပြားသေဆုံးစေခဲ့တဲ့ ရုပ်သံဖိုင်ကို နဂါးနီစစ်ကြောင်းမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

သြစတြေးလျနိုင်ငံ ဘွန်ဒီကမ်းခြေမှာ အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဂျူး ဟာနူကာပွဲတော်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၀ ဦးသေဆုံးခဲ့ပါတယ်။
Read More

ချောင်းဦးမြို့အထွက်က စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၃ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အထွက်၊ မုံရွာ-မန္တလေးလမ်းမကြီးနဲ့ ချောင်းဦး-ပခုက္ကူလမ်းမကြီး လမ်းဆုံမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။