မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက် လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Task Force ngazun က သတင်းထုတ်ပြန်ထားပါတယ်။

တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက်ကို ၁၂ ဘီးကား ၁ စီး၊ ဖောကား ၃ စီး၊ လိုက်ထရပ်ကား ၁ စီး၊ မက်တူးကား ၂ စီး၊ စုစုပေါင်း ကား ၇ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဂွေးကုန်းဂိတ်နဲ့ စက်မှုဇုန်ကြားအရောက် ယာဉ်တွေကို ရပ်ထားပြီး ခြေလျင်စစ်ကြောင်းထိုးလာတဲ့အတွက် မိုင်းကွင်းအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကင်းပုန်းဝပ်ပြီး အသင့်စောင့်ဆိုင်းနေတဲ့ တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိဗိုလ်ကြီး ၁ ယောက်၊ ဗိုလ်လေး ၂ ယောက်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ အနီးနားရွာတွေက ရွာသူရွာသားတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်ပြီး မြို့သာစက်မှုဇုန်ကို ဝင်ရောက်သွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၆) တပ်ရင်း တပ်ခွဲ(၃)၊ မြင်းခြံခရိုင် အမှတ်(၆) တပ်ရင်း တပ်ခွဲ(၂) နဲ့ TGYR Youth Guerrilla Counter Revolution Ngazun အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ၆၀ မမ အစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Special Task Force ngazun

0 Shares:
You May Also Like
Read More

ဆိုင်း‌တောင် Lucky Men ဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို KIA၊ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံး (ရုပ်/သံ) အောက်တိုဘာ ၈၊ ၂၀၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Men ဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီနေ့ အောက်တိုဘာ ၈ ရက်မှာ KIA၊ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့အတွက် အများအပြားသေဆုံးကာ၂၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

ငွေတွင်းပျူစခန်း ကင်း ၂ ခုကို တော်လှန်တပ်တွေ စီးနင်းတိုက်ခိုက်မှု ပျူစောထီး ၁ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူစခန်း ကင်း၂ ခုကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwindynamite အဖွဲ့ထံက သိရပါတယ်။
Read More

အိုမကျေးရွာက နေအိမ် ၁၈ လုံးကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု အိုမကျေးရွာက နေအိမ် ၁၈ လုံးကို ဝမ်ပေါင်ကြေးနီစီမံကိန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အိုမကျေးရွာဒေသခံတွေထံက သိရပါတယ်။
Read More

ရှေ့တန်းရဲဘော်များအတွက် မိုးကာနှင့် လိုအပ်ချက်များ ဝယ်ယူနိုင်ဖို့ ထောက်ပို့ထီ အားပေးကြရန် KNDF/ B-15 မေတ္တာရပ်ခံ (ရုပ်/သံ)

မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ရှေ့တန်းရောက်ရဲဘော်တွေ လိုအပ်လာတဲ့ မိုးကာနဲ့ လိုအပ် ချက်တွေကို ဝယ်ယူဖြည့်တင်းနိုင်ဖို့ KNDF/ B-15 က ရောင်းချပေးနေတဲ့ ထောက်ပို့ထီကို ဝယ်ယူအားပေးကြဖို့ တော်လှန်ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။
Read More

သထုံမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးရေး လှည့်လည်လုံခြုံရေးယူ (ရုပ်/သံ)

မွန်ပြည်နယ် သထုံမြို့ပေါ်ကို အောက်တိုဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ရေး လှည့်လည်ပြီး လုံခြုံရေးယူခဲ့တယ်လို့ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။