မကွေးတိုင်း၊ စလင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း-ပကဖ) ထံက သိရပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ဝန်းကျင်ဟာ ဇွန်လ ၂၈ ရက် မနက်ပိုင်းမှာ တင့်ကား ၂ စီး၊ သံချပ်ကာကား ၂ စီးနဲ့အတူ ဆင်ဖြူကျွန်းနယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာချိန် တပ်ပြင်း၊ ပေါင်လောင်ရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မိုင်းတွဲတိုက်ခိုက်ပြီးတဲ့နောက် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် စစ်အုပ်စုက တင့်ကား ၂စီးနဲ့ ဆက်လက်စစ်ကြောင်းထိုးခဲ့ရာ သာစည်ကျေးရွာနားအရောက်မှာ နောက်ထပ် ၃နာရီကျော်ကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က ခြေလျင်စစ်ကြောင်း နဲ့ ရှေ့ပွိုင့်ကနေသွားတဲ့အခါ ကျမတို့အနေနဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်တယ်။ တပ်ပြင်းကျေးရွာ အနီးတစ်ဝိုက်မှာ မိုင်းဆွဲတိုက်ခိုက်နေရင်း စကစတွေဘက်က သေဆုံးသွားတာကို  မျက်မြင်တွေ့ရှိရတယ်။ သူတို့ဆီကို မိုင်းဆွဲပြီးတဲ့အခါမှာ အပြန်အလှန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့အချိန်မှာ စစ်ကောင်စီအနေနဲ့ တင့်ကားပစ်ကူယူပြီးတော့ တောက်လျှောက် လမ်းပိုင်းတစ်လျှောက်လုံး လိုက်ပစ်တယ်” လို့ စလင်း-ပကဖ တပ်ဖွဲ့ဝင်က မောင်းကို ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ မြောက်မကြီးကုန်းကျေးရွာထဲကို ပြန်လည်ဆုတ်ခွာသွားပြီး ရွာထဲရှိ လူနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာတော့ အဆိုပါစစ်ကောင်စီတပ်သားတွေဟာ‌ မြောက်မကြီးကုန်းရွာက‌တဆင့် ဆင်ဖြူကျွန်းမြို့ကို စစ်ကြောင်းထိုးလာချိန် မိုးဝန်း ၊ သရက်ချဉ်ရွာကြားအရောက်မှာ  ရှေ့ကင်းပွိုင့် ခြေလျင်စစ်ကြောင်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

မိုင်းဆွဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သရက်ချဉ်ရွာကတဆင့် ပန်းထိမ်ကုန်းရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာကာ မနက် ၁၁ နာရီခွဲလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ပန်းထိမ်ကုန်းရွာက နေအိမ်တွေကို  မီးရှို့ဖျက်ဆီးနေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့လို့ စစ်အုပ်စု သာစည်ရွာထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ အချိန်မှီဝင်ရောက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားတွေမီးရှို့ခဲ့တဲ့ နေအိမ်တွေကိုမီးငြှိမ်းသတ်နိုင်ခဲ့သလို စစ်ကောင်စီရဲ့ ခဲယမ်းတွေနဲ့  စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

ထပ်မံပြီး ဇွန်လ ၃၀  ရက်နေ့မှာ သာစည်ရွာကထဲကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်ရင်း စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးကာ  ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးရက်မှာတော့ ကျမတို့ လက်နက်ကြီး နဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်။ အဓိက ကတော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အချိန်မှာ တစ်ချိန်တည်း လက်နက်ငယ်နဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားတာမျိုးပါ။ အဲ့ခါမှာလည်း အဓိကကတော့ ရန်သူဘက်က အထိအခိုက်ကျဆုံးရှိသလို ကိုယ့်ဘက်ကလည်း ရဲဘော်တွေ ၃ ဦးထိခိုက်ရှိပါတယ်။ ဒဏ်ရာပြင်းထန်တယ်” လို့ စလင်း-ပကဖ တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ် ။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လ ၁ ရက်နေ့မှာတော့ စလင်းမြို့ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

ပုလဲမြို့ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေစ​ကြိုလမ်းပိုင်းမှာ စစ်ကောင်စီနောက်ချန်တပ်တွေနဲ့ ပကဖ တပ်ဖွဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံး…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ကား ချုံခိုတိုက်ခိုက်ခံရပြီး ရဲဘော် ၁ ယောက်ထိခိုက်ဒဏ်ရာ( မစိုးရိမ်ရ) ရခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

သံတောင်ကြီးမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိ…

ပဲခူးတိုင်းအတွင်းက လမ်းပိုင်းတစ်နေရာမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်း စစ်ဌာနက သတင်းထုတ်ပြန်လာပါတယ်။
Read More

မြင်းမူမှာ ဝန်ထမ်းအိမ်ရာဝန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။