စစ်ကောင်စီက ပျောက်ဆုံးနေကြောင်း ဒီနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ် ဖား‌ဆောင်းမြို့နယ်အတွင်းမှာ အပျက်အစီးတွေနဲ့တကွ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

တိုက်လေယာဉ်အပျက်အစီးတွေကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်နဲ့ ဓာတ်ပုံတွေကို  KNDF ဒုစစ်ဦးစီးချုပ် မာဝီက ထုတ်ပြန်ခဲ့ပြီး ကရင်နီစစ်သည်တွေ ပစ်ချခဲ့တာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

”အသိပေးရမှာ သေချာပြီမလို့  အသိပေးလိုက်သည် ငှက်တစ်ကင် တပ်ရင်းတစ်ရင်း 

ကရင်နီမှာဖြစ်သည် ကရင်နီစစ်သည်တွေရဲ့ လက်ချက်ဖြစ်သည်”လို့ မာဝီက သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးသားမျှဝေခဲ့ပါတယ်။ 

ပျက်စီးသွားတဲ့ တိုက်လေယာဉ်ဟာ FTC-2000G အမျိုးအစားဖြစ်ပြီး ဇူလိုင် ၁ ရက် ညပိုင်းမှာ နေပြည်တော်ရဲ့ အရှေ့တောင် ကီလိုမီတာ ၁၃၀ အကွာမှာ ပျံသန်းရင်း ရေဒါကနေ ပျောက်ကွယ်ကာ အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Video – Maui Karenni

0 Shares:
You May Also Like
Read More

၁၁ လအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်၊ ဒုရဲမှူးအဆင့် အပါအဝင် တပ်သား ၄၇၅ ယောက်အလင်းဝင်ခဲ့ဟု NUG ထုတ်ပြန် (ရုပ်/သံ)

၂၀၂၄ နှစ်စကနေ နိုဝင်ဘာလအထိ ၁၁ လတာအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်၊ ဒုရဲမှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၄၇၅ ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဝန်ကြီးချုပ်ရုံး‌ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ စကား‌ပြောကြားခြင်း(Press Briefing) အစီအစဉ် ၄/၂၀၂၄ မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများအား တိုက်ခိုက်ပြီး မဲရုံများကို ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ပြီး မဲရုံတွေကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့  နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူးထံက သိရပါတယ်။
Read More

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်း စစ်ကိုင်းခရိုင်တပ်ရင်း-၃ ထုတ်ပြန်

စစ်ကိုင်းခရိုင်တပ်ရင်း-၃ မှာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၈ ရက်မနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတွင် ပြည်သူများကို လေကြောင်းနှင့် မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးဟောပြောပွဲပြုလုပ် (ရုပ်/သံ)

မင်းဘူးခရိုင်စစ်ဌာနအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းနဲ့ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးတိုင်းရှိ PDF စိုးမိုးနယ်မြေအတွင်း ငလျင်ဒဏ်သင့် ပြည်သူများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေး (ရုပ်/သံ)

ပဲခူးတိုင်းရှိ PDF စိုးမိုးနယ်မြေတွေအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူပိုင်နေအိမ်တွေနဲ့ အပျက်အစီးတွေ၊ လိုအပ်ချက်တွေကို နေ့စဉ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မော်လိုက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှု မှတ်တမ်းများ (ရုပ်/သံ)

မော်လိုက် PDF တပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးရေး စခန်းသိမ်းတိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းကို  မော်လိုက်ခရိုင် အမှတ်-၁ တပ်ရင်း (PaungByin PDF) က ထုတ်ပြန်လိုက်ပါတယ်။